ဖုန်းတစ်လုံးတည်းနဲ့ နေအိမ်တံခါးတွေကိုထိန်းချုပ်နိုင်စေမယ့်သော့

သွားလေရာကို အိမ်သော့တွေယူသွားရတာ သိပ်ကိုအလုပ်ရှုပ်စေပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လက်ထဲ မှာပစ္စည်းပစ္စယတွေ တစ်ပုံတစ်ပင်နဲ့ အိမ်သော့ဖွင့်ရတာလည်း တော်တော်ကိုမလွယ်တဲ့ အခြေအနေပါ။ ဒါ့အပြင် ကိုယ့်အိမ်ကိုသူခိုး ကပ်နေမလားဆိုပြီး စိုးရိမ်ရတာလည်း အခါခါပါပဲ။

အခုတော့ ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့်သူပေါ်လာပါပြီ။ အဲဒါကတော့ Level Touch သော့မဲ့ တံခါး သော့ဖြစ်ပါတယ်။

ဒီသော့ကိုဖွင့်ဖို့အတွက်ဆိုရင် လက်ဗွေလိုအပ်ပါလိမ့်မယ်။ လက်ဗွေဆိုပေမယ့် ကြိုတင်သတ်မှတ်ပေးထားတဲ့ လက်ဗွေနဲ့ သာလျှင် ဖွင့်လို့ရမှာပါ။ ဒါ့အပြင် လုံခြုံရေးအတွက် မစိုးရိမ်ရစေမယ့် လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါသေးတယ်။ အဲဒီလုပ်ဆောင်ချက်တွေထဲမှာ သတ်မှတ်အချိန် တစ်ခုကြာပြီးနောက် အလိုအလျောက် တံခါးသော့ခတ်တဲ့ စနစ်ပါဝင်ပါတယ်။ ဆိုလိုတာက ကိုယ်ကတံခါးသော့ခတ်ဖို့ မေ့ပြီးထွက်သွားမိတယ်ဆိုရင် သတ်မှတ်အချိန်အတွင်းမှာ တံခါးက အလိုအလျောက်သော့ခတ်သွားမှာပါ။

နောက်တစ်ခုက အိမ်ထဲကို ဘယ်သူဝင်လာတယ်။ ဘယ်သူထွက်သွားတယ်ဆိုတာကိုလည်း ဖုန်းကနေ တစ်ဆင့်စောင့် ကြည့်နိုင်ဦးမှာပါ။ တကယ်လို့ သော့ကိုဖျက်ပြီး တံခါးဖွင့်ဖို့ကြိုးစားနေတယ်ဆိုရင်လည်း ပိုင်ရှင်ဆီကို သတိပေးချက်တွေပေးပို့နိုင်ပါဦးမယ်။ ဒါကြောင့် ကိုယ့်အိမ်တံခါးကို ပိတ်ထားခဲ့ရပေမယ့် သူခိုး သူဝှက်ရန်တွေကနေ စိတ်မချဖြစ်နေရသူတွေအတွက် ဒီအိမ်သော့က အသင့်တော်ဆုံးဖြစ်မှာပါ။                                                           

နွေဦး