တစ်အိမ်လုံးကိုထိန်းချုပ်မယ့် အဝေးထိန်းခလုတ်

ကိုယ့်အိမ်မှာ စမတ်ပစ္စည်းတွေကို အသုံးပြုထားတယ်ဆိုရင်တော့ ဒီလိုအဝေးထိန်းခလုတ်တစ်လုံးကို မဖြစ် မနေလိုအပ်နိုင်ပါတယ်။  ဘာကြောင့်လဲဆိုရင် ရှိရှိသမျှသော စမတ်ပစ္စည်းတစ်ခုချင်းစီကို အသုံးပြုဖို့အတွက် အဝေးထိန်း ခလုတ်တစ်ခုစီကို မသုံးချင်လို့ပါပဲ။

Sevenhugs Smart Remote X လို့ခေါ်တဲ့ ဘက်စုံသုံးအဝေးထိန်းခလုတ်က နေအိမ်မှာရှိတဲ့ တီဗွီ၊ စမတ်မီး အိမ်နဲ့ တခြားစမတ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်စေမှာပါ။ အသုံးပြုရလွယ်တဲ့ပုံစံကြောင့် ဘယ်သူမဆို အလွယ် တကူအသုံးပြုနိုင်မှာဖြစ်သလို ကိုယ့်ကလေးအိပ်ချိန်ရောက်ရင် အခန်းမီးကို အပြင်ကနေ လှမ်းပိတ်သလိုမျိုး၊ အိပ်ရာထဖို့လိုအပ်ရင် အခန်းမီးကို လှမ်းဖွင့်တာမျိုးအထိ ထိန်းချုပ်နိုင်မှာပါ။

အသုံးပြုရတာလည်း လွယ်ကူတယ်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အိမ်မှာရှိတဲ့ စမတ်ပစ္စည်းတွေကိုလည်း အလွယ် တကူထိန်းချုပ်နိုင်တဲ့ အဝေးထိန်းကိရိယာလေးကတော့  Sevenhugs Smart Remote X ပါပဲ။                       

 နွေဦး