ဘရာဇီး၌လေယာဉ်ငယ်တစ်စင်းပြေးလမ်းကျော်ပြီး ပျက်စီး လူ ၁၄ ဦးသေဆုံး

ဘရာဇီး၌လေယာဉ်ငယ်တစ်စင်းပြေးလမ်းကျော်ပြီး ပျက်စီး လူ ၁၄ ဦးသေဆုံး

ဘရာဇီးနိုင်ငံပိုင်နက်အတွင်းရှိ အမေဇုန်ဒေသ၌ စက်တင်ဘာ ၁၆ ရက်တွင်   လေယာဉ်ငယ်တစ်စင်းသည် ပြေးလမ်းကျော်ပြီး ပျက်စီးမှုကြောင့် လူ ၁၄ ဦးသေဆုံးကြောင်း တာဝန်ရှိသူများကပြောသည်။

လေယာဉ်မှူးသည် မိုးသည်းထန်စွာရွာသွန်းနေချိန်၊ မြင်နိုင်စွမ်းနည်းပါးနေချိန်တို့တွင်    လေယာဉ်ကို ဘာစီလိုမြို့၌  ဆင်းသက်ရန်ကြိုးပမ်းစဉ် လေယာဉ်ပြေးလမ်းအလယ်ရောက်မှ ဆင်းသက်မိသည့်အတွက် ပြေးလမ်းတိုသွားခြင်း ဖြစ်သည်။

ထိုသို့  ပြေးလမ်းတိုသွားသောကြောင့် လေယာဉ်သည် ပြေးလမ်းကိုကျော်လွန်သွားပြီး ပျက်စီးသွားရာ ခရီးသည်  ၁၂ ဦးနှင့်အတူ လေယာဉ်အမှုထမ်း နှစ်ဦး စုစုပေါင်း ၁၄ ဦးစလုံး သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသူခရီးသည် ၁၂ ဦးစလုံးသည် ဘရာဇီးနိုင်ငံသားများဖြစ်ပြီး အပျော်တမ်းငါးဖမ်းရန် ဘာစီလိုမြို့သို့သွားခြင်း ဖြစ်သည်။

ယခုရာသီသည် အမေဇုန်ဒေသ၌ အပျော်တမ်းငါးဖမ်းမှု အများဆုံးအချိန်ဖြစ်ပြီး   ခရီးသွားများ အများဆုံး လာရောက်လေ့ရှိသည့် အချိန်ဖြစ်ကြောင်း သိရသည်။                  

Ref:TST