အပြုသဘောများနဲ့လွှမ်းခြုံနိုင်ခဲ့တဲ့ ကင်ဂျုံအွန်ရဲ့ရုရှားခရီးစဉ်

အပြုသဘောများနဲ့လွှမ်းခြုံနိုင်ခဲ့တဲ့ ကင်ဂျုံအွန်ရဲ့ရုရှားခရီးစဉ်

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ ရှားရှားပါးပါး  ရုရှားနိုင်ငံချစ်ကြည်ရေးခရီးကတော့ စက်တင်ဘာ ၁၇ ရက်မှာပဲ အောင်မြင်စွာပြီးဆုံးသွားပါပြီ။

ကင်ဂျုံအွန်အနေနဲ့ ရုရှားနိုင်ငံကို   ငါးရက်ကြာချစ်ကြည်ရေးခရီးလာရောက်ခဲ့တာပါ။   သူ့ရဲ့ခရီးစဉ် အတွင်းမှာဆိုရင်   ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုသာမက အာကာသ ယာဉ်လွှတ်တင်ရေး စခန်းတို့၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံတို့ အစရှိတဲ့ အရေးကြီးနေရာတွေကို သွားရောက် လေ့လာခဲ့ပါသေးတယ်။

ကင်ဂျုံအွန်ဟာ စက်တင်ဘာ ၁၂ ရက်မှာ ရုရှားနိုင်ငံကို သူ့ရဲ့အထူးရထားစီးပြီးရောက်လာခဲ့တာပါ။ ရုရှားသမ္မတဗလာ ဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရပေါ့။ ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ကင်ဂျုံအွန်အတွက် ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။

ဒီနေရာမှာ မြောက်ကိုရီးယားခေါင်းဆောင်တွေအနေနဲ့ ဘာကြောင့်မီးရထားစီးပြီးသွားရတာလဲဆိုရင် သူတို့နိုင်ငံရဲ့ ကိုယ့်အားကိုယ်ကိုးတဲ့မူဝါဒကို  အကောင်အထည်ဖော်တဲ့အနေနဲ့ ခေါင်းဆောင်တွေကစံပြအဖြစ် မီးရထားစီးပြီးသွားလာကြတာလို့သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ ကင်ဂျုံအွန်က ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံပါတယ်။  တွေ့ဆုံမှုမှာတော့ အဓိကကျတဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်တွေအပြင် ဒေသတွင်းနဲ့ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဆွေးနွေးသွားခဲ့တာပါ။ ကြာမြင့်ချိန်ကတော့ ခြောက်နာရီလောက်ကြာပါတယ်။

ဒီလိုမတွေ့ဆုံခင်မှာ နှစ်နိုင်ငံခေါင်းဆောင်များဟာ Soyuz-2  အာကာသယာဉ်စေလွှတ်ရေးနေရာကို ကြည့်ရှုစစ်ဆေးပြီး တပ်ဆင်မှုနဲ့စမ်းသပ်မှုလုပ်ရာ နေရာတွေကိုလည်း လေ့လာခဲ့ပါတယ်။    အထူးသဖြင့် ကင်ဂျုံအွန်က ရုရှားပြည်တွင်းဖြစ် Soyuz-2  အာကာသယာဉ်နဲ့ ဗညါမေေ ဒုံးပျံတို့အကြောင်းကိုလေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိမိတို့အနေနဲ့ ရုရှားနိုင်ငံနဲ့ဆက်ဆံရေးဒီထက်ပိုမိုတိုးတက်စေဖို့အတွက်   အသင့်ရှိသလို သမ္မတပူတင်နဲ့ ရုရှားအစိုးရက ချမှတ်တဲ့ဆုံးဖြတ်ချက်များ အားလုံးကိုလည်း အမြဲတမ်းထောက်ခံသွားပါမယ်။ အခုခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုက နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့်ထပ်တက်သွားစေမယ်လို့လည်း ယုံကြည်ပါတယ်ဆိုပြီး ကင်ဂျုံအွန်ကပြောခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့   ကင်ဂျုံအွန်က သူ့ရဲ့ကျည်ကာရထားနဲ့ပဲ ကွမ်ဆန်မို့နားမူ အမည်ရှိတဲ့မြို့ကို သွားရောက်ပါတယ်။ အဓိကက လေယာဉ်ထုတ်လုပ်ရေး စက်ရုံကိုသွားရောက် လေ့လာတာပါ။

အဲဒီလေယာဉ်စက်ရုံက Su-35 နဲ့ Su-57 တို့အပြင် SJ-100 တို့ကို နောက်ဆုံးတပ်ဆင်ထုတ်လုပ်တဲ့နေရာ ဖြစ်ပါတယ်။ ကင်ဂျုံအွန်အနေနဲ့ ဒီစက်ရုံကိုရုရှား ဒုတိယဝန်ကြီးချုပ ်ဒန်းနစ်မန်တူရော့နဲ့အတူ သွားရောက်ခဲ့တာပါ။

ဒန်းနစ်မန်တူရော့က ရုရှားအနေနဲ့ မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီး    လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်လိုတယ်လို့ပြောခဲ့ပါသေးတယ်။

ပြီးတဲ့အခါ မြောက်ကိုရီးယားခေါင်းဆောင်က ဗလာဒီဗော့စတော့မြို့အနီးရှိ   နီဗစ်ချီလေယာဉ်ကွင်းကို သွားရောက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

ဒီလိုတွေ့ဆုံဆွေးနွေးမှုမတိုင်မီမှာ ကင်ဂျုံအွန်က Tu-160၊ Tu-95MS၊ Tu-22M3 ဗုံးကြဲလေယာဉ်များ အပါအဝင် အမျိုးမျိုးသော စစ်လေယာဉ်များကို ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဒီဗုံးကြဲလေယာဉ်များက ရုရှားနိုင်ငံရဲ့ မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားကာကွယ်ရေးဝန်ကြီးက  သူတို့ရဲ့နာမည်ကျော် Kinzhal  အသံနှုန်းလွန်ဒုံးကျည်ကိုလည်း ပြသခဲ့ပါသေးတယ်။ ဒီဒုံးကျည်ကတော့ အခုချိန်အထိ ပြိုင်စံရှားဒုံးကျည်ဖြစ်နေဆဲပါ။

အဲဒီနောက် ကင်ဂျုံအွန်ဟာ ရုရှားတာဝန်ရှိသူများ လိုက်ပါပြီး ပရီမောစကီးဒေသကိုသွားရောက်ပါတယ်။ ပရီမောစကီးဒေသမှာ   ရုရှားအစိုးရက ကင်ဂျုံအွန်အတွက်  အထူးလက်ဆောင်တွေပေးအပ်လိုက်တာ တွေ့ရပါတယ်။

ဒီလက်ဆောင်တွေထဲမှာတော့ အသေခံဒရုန်းအမျိုးအစားငါးစင်းနဲ့  Geran-25 အမျိုးအစား ကင်းထောက်ဒရုန်းတစ်စင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင်    တိုက်ခိုက်ရေးစစ်သည်များအတွက် ထုတ်လုပ်ထားတဲ့ ကျည်ကာဝတ်စုံအပြည့်အစုံကိုလည်း လက်ဆောင် ပေးလိုက်ပါသေးတယ်။ တစ်ခုထူးခြားတာက အဲဒီကျည်ကာဝတ်စုံဟာ ရင်ဘတ်၊ ပခုံး၊ လည်ပင်း

နဲ့ ပေါင်ခြံတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး   တခြားကျည်ကာဝတ်စုံတွေထက် ပိုမိုပေါ့ပါးတာပါပဲ။

စက်တင်ဘာ ၁၇ ရက်မှာတော့ ကင်ဂျုံအွန်ဟာ ပရီမောစကီးဒေသကနေ  သူ့ရဲ့ကျည်ကာရထားကြီးစီးပြီး မြောက်ကိုရီးယားကို ပြန်သွားပါပြီ။

ဒီခရီးစဉ်တစ်ခုလုံးကိုခြုံငုံကြည့်မယ်ဆိုရင် မြောက်ကိုရီးယားနိုင်ငံထူထောင်ကတည်းက သံတမန်ဆက်ဆံရေး

တည်ဆောက်နိုင်ခဲ့တဲ့ ရုရှား - မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးဟာ အခုခရီးစဉ်ကြောင့် ပိုမိုခိုင်မာလာပါလိမ့်မယ်။

ဒီလိုဆက်ဆံရေးခိုင်မာစေမယ့် အကြောင်းရင်းတွေထဲမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းက အဓိကနေရာကနေ ပါဝင်နေမှာပါ။

အထူးသဖြင့် ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုမှာလည်း ရုရှားနဲ့အိန္ဒိယတို့ ပူးပေါင်းပြီး Brahmos  ဒုံးကျည်ထုတ်လုပ်သလို   စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးကဏ္ဍမှာ အဓိက တိုးတက်လာပါလိမ့်မယ်။

တချို့သတင်းတွေမှာတော့ ပူတင်နဲ့ကင်ဂျုံအွန်တို့ကြားက သဘောတူညီမှုမှာ  တစ်ဦးကလိုအပ်တာကို တစ်ဦးကပေးပြီး အနာဂတ်မှာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ့် အနေအထားရှိတယ်လို့ ဆိုကြပါတယ်။

အဲဒီထဲမှာ ပူတင်အနေနဲ့ လတ်တလောလိုအပ်နေတဲ့ အရာတွေကို ကင်ဂျုံအွန်ကပေးမယ်။ အပြန်အလှန်အနေ

နဲ့ ကင်ဂျုံအွန်လိုအပ်နေတဲ့ အနာဂတ်နည်းပညာတွေကို ပူတင်ကပေးမယ်လို့ ဆိုထားကြတာပါ။

မည်သို့ပင်ဆိုစေကာမူ ကင်ဂျုံအွန်ရဲ့ရှားပါးပြည်ပခရီးစဉ်တစ်ခုကတော့ ပြီးသွားပါပြီ။ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကလည်း  အလွန်ကိုမြင့်တက်ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ရလဒ်ကတော့ ဧကဝင်ရိုးကို ကျော်လွန်ပြီး ဗဟုဝင်ရိုးကို ပုံဖော်နေတဲ့  လက်ရှိကမ္ဘာ့နိုင်ငံကြီးများအတွက် သတင်းကောင်းလို့ ဆိုလိုက်ချင်ပါတယ်။    ။

Ref:Sputnik, RT

ထက်မြက်