အခြေခံပညာကျောင်းများသို့ ကျောပိုးအိတ်များ ပေးအပ်လှူဒါန်း

အခြေခံပညာကျောင်းများသို့ ကျောပိုးအိတ်များ ပေးအပ်လှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာကျောင်းများသို့ Panda Pack မေတ္တာအိတ်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းနှင့် မနောမြေမှ တေးသံသာသီချင်းတို့ဖြင့် ကပြဖျော်ဖြေကြပြီး နေပြည်တော်ပညာရေးမှူး ဒေါက်တာကျော်လွင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် CHINA  FOUNDATION FOR RURAL DEVELOPMENT Counter Director Ms.Linn Yuan က မိတ်ဆက်စကားပြောကြားပြီး CHINA FOUNDATION FOR RURAL DEVELOPMENT မှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား Panda Pack (မေတ္တာအိတ်) ကျောပိုးအိတ်များ အသီးသီးပေးအပ်ကြပြီး  ကျောင်းအုပ်ကြီးများကိုယ်စား ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာသင်းနှင့် ကျောင်းသား၊ ကျောင်းသူများကိုယ်စား   ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နေပြည်တော်ပညာရေးမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ယနေ့တွင် CHINA   FOUNDATION FOR RURAL DEVELOPMENT က နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာကျောင်းများသို့  Panda Pack (မေတ္တာအိတ်) ကျောပိုးအိတ် ၂၀၀၀၀ အိတ်နှင့်အတူ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ၁၂ ရောင် မာကာပင်၊ ထမင်းဘူး၊ ရေဘူး၊ မိုးကာ၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ကျောင်းသုံးပစ္စည်းမျိုးစုံ ပေးအပ် လှူဒါန်းကြောင်း သိရသည်။    

     ဖိုးနိုင်(မြဝတီ)