တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ

နေပြည်တော်  စက်တင်ဘာ  ၁၈

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်  မစ္စတာတိန့်ရှီးကျွင်းအား  ယနေ့ မွန်းတည့်  ၁၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌     လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်    မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ ပြန်လည်နေရာချထားရေး၊ NCA သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း   (၈)နှစ်မြောက်အခမ်းအနားကျင်းပမည့် ကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး  ကဏ္ဍများအပေါ် အမြင်ချင်းဖလှယ်၍    ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။