အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၁၁

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ရွှေကျင်မြို့၊ ပွဲကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ နှင့် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက လည်းကောင်း ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံနှင့် ပရိဘောဂ များနေရာချထားပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။