မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ ရေရှည်တည်တံ့စေရန် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု ချဲ့ထွင်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ ရေရှည်တည်တံ့စေရန် ဒစ်ဂျစ်တယ်ချိတ်ဆက်မှု ချဲ့ထွင်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၁၉

 

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ဒစ်ဂျစ်တယ် ချိတ်ဆက်မှုချဲ့ထွင်ခြင်း စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊   ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် MSME Association မှ တာဝန်ရှိသူများ၊  ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေရှိ MSME လုပ်ငန်းရှင်များက  in person တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  အရာထမ်းများနှင့် MSME လုပ်ငန်းရှင်များက Online ဖြင့် တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေ၍ သက်ဆိုင်ရာဌာန များအနေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ရရှိရေး တတ်နိုင်သမျှ ပံ့ပိုးကူညီ   ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှု စီးပွားဘ၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဆိုသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးခြင်းနှင့် စက်မှုလက်မှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းပြပွဲ၊ နည်းပညာဆွေးနွေးပွဲတို့ကို အခါအားလျော်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်လာစေရန် လုပ်ငန်းများဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ် ချိတ်ဆက် ဆောင်ရွက်မှု၏ အရေးပါမှုကို သိရှိနားလည်စေရန်နှင့် MSME လုပ်ငန်းများ  ဖွံ့ဖြိုးလာ စေရန်အတွက် သင့်လျော်သည့် Platform များမှတစ်ဆင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး ဈေးကွက်ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒစ်ဂျစ်တယ်ဆိုင်ရာ နည်းပညာရှင်များဖြစ်ကြသည့်   ဦးမျိုးမင်းဦး (ဗဟိုအလုပ်အမှုဆောင်၊  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်) က Introduction of MSMEs Digitalization Tech and Trend နှင့် Emerging up for MEMEs Resilience ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးထိန်လင်းအောင် (နည်းပညာအကြံပေး) က Emerging Digital Tools, Digital Security,  Digital  Financing နှင့် Building MSMEs digital network ခေါင်းစဉ်ဖြင့်လည်းကောင်း   ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက်  အခမ်းအနားဒုတိယပိုင်းတွင် ဦးဆောင်ဆွေးနွေးပေးကြသည့် ပညာရှင်များကို   အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။