(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေး ဘဏ်တို့၏ အဆင့်မြင့် အရာရှိများ ဆွေးနွေးပွဲနှင့် (၂၂)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကျင်းပ

 (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့- အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေး ဘဏ်တို့၏ အဆင့်မြင့် အရာရှိများ ဆွေးနွေးပွဲနှင့် (၂၂)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

 

အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (The South East Asian Central Banks-SEACEN Centre)၊ အပြည်ပြည်ဆိုင်ရာစာရင်းရှင်းလင်းရေးဘဏ် (Bank for International Settlements-BIS)နှင့် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်တို့မှ ကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်များအဖွဲ့-အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေး ဘဏ်တို့၏ ဆင့်မြင့်အရာရှိများဆွေးနွေးပွဲ   (16th SEACEN-BIS High Level Seminar) ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင်လည်းကောင်း၊ (၂၂)ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (22nd SEACEN  Executive  Committee -EXCO Meeting)ကို ယနေ့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲနှင့် အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က Virtual စနစ်ဖြင့် တက်ရောက်သည်။

ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့-အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်း ရေးဘဏ်တို့   အဆင့်မြင့်အရာရှိများဆွေးနွေးပွဲ (SEACEN-BIS High Level Seminar)တွင် ကမ္ဘောဒီးယားနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ Madam. Chea Sere၊  SEACEN Centre ၏ အမှုဆောင်ဒါရိုက်တာ Dr. Mangal Goswami  နှင့် အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်၏ Chief Representative ဖြစ်သူ Mr. Tao Zhang တို့က ကြိုဆိုနှုတ်ခွန်း ဆက်စကားများပြောကြားခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲကို    ဆက်လက်ကျင်းပခဲ့ရာ "Monetary Tightening, Financial Stability and Geopolitical Fragmentation"ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး Mr. Bo Li က ဆွေးနွေးပြောကြားသည်။

ထို့နောက် "Lessons learned from Recent US and European Banking Stress"ခေါင်းစဉ်နှင့်စပ်လျဉ်း၍ NYU Stern မှ Mr. Viral Acharya အဖြစ်ဆောင်ရွက်ပြီး  အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်မှ စီးပွားရေးဌာနမှူး Mr. Ilhyock Shim က Moderator အဖြစ်လည်းကောင်း၊ ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mr. Kenneth Hui နှင့် သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Yvette Fernando တို့က Panel Speaker များအဖြစ် ဆွေးနွေးကြသည်။ ယင်းနောက် "Geopolitical Fragmentation and Financial Sector Stability Risks'' ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဟောင်ကောင် တက္ကသိုလ်မှ Dr. Cheng Li နှင့်    အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ Mr. Mahvash Qureshi တို့က speaker  များအဖြစ် ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏  ဒုတိယညွှန်ကြားရေးမှူး Mr. Roger Nord က Moderator အဖြစ် ဆောင်ရွက်၍ ဆွေးနွေးကြသည်။ 

ညနေပိုင်းတွင် "Monetary and Fiscal Policy: Safeguarding Stability and Trust" ခေါင်းစဉ်နှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်၏ ငွေကြေးမူဝါဒနှင့် စီးပွားရေးရာဌာန အကြီးအမှူး Mr. Claudio Borio က Lead speaker အဖြစ် ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာ စာရင်းရှင်းလင်းရေးဘဏ်မှ Mr. Tao Zhang က Moderator အဖြစ်ဆောင်ရွက်ကာ မလေးရှားနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. Marzunisham Omar မှ Panel Speaker အဖြစ်ဆောင်ရွက်သည်။ ထို့နောက် "Financial Sector Deve-lopment and Stability Issues in Asia" ခေါင်းစဉ်နှင့် စပ်လျဉ်း၍ IMF Singapore Training Institute မှ Director  Mr. Alfred Schipke ကလည်းကောင်း၊ IMF ၊ အာရှ-ပစိဖိတ်ဌာန၏ ဒုတိယညွှန်ကြားရေးမှူး Mr. Thomas Helbling ကလည်းကောင်း Speaker များအဖြစ်    ဆောင်ရွက်ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr. MD Patra မှ Guest speaker အဖြစ် ဆောင်ရွက်၍ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့်   SEACEN အဖွဲ့ဝင်ဗဟိုဘဏ်(၁၉)ဘဏ်တို့မှ  ဒုတိယဥက္ကဋ္ဌများ၊  SEACEN အမှုဆောင်ဒါရိုက်တာနှင့် အစည်းအဝေး တက်ရောက်လာသူများက ၎င်းတို့၏ အတွေ့အကြုံအသိအမြင်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယနေ့တွင် (၂၂) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (22nd SEACEN Executive Committee - EXCO Meeting) ကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် လာမည့် ၂၀၂၄ ခုနှစ်တွင် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှု၊ SEACEN စင်တာမှ ကြီးမှူးဆောင်ရွက်လျက်ရှိသည့် မဟာဗျုဟာမြောက်စီမံကိန်းများဆောင်ရွက်မှု၊ AMRO နှင့် Asia School of Business တို့မှ SEACEN မဟာဗျူဟာမိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ SEACEN စင်တာတွင် ဝန်ထမ်းခန့်အပ်မှုဆိုင်ရာ  ကိစ္စရပ်များ၊ SEACEN စင်တာ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ SEACEN အမှုဆောင်ဒါရိုက်တာ   Dr. Mangal Goswami နှင့် ကမ္ဘောဒီးယားနိုင်ငံ ဗဟိုဘဏ်၏ဥက္ကဋ္ဌ Madam. Chea Serey တို့က တင်ပြဆွေးနွေးခဲ့ရာ SEACEN အဖွဲ့ဝင်ဗဟိုဘဏ် (၁၉) ဘဏ်၏ ဒုတိယဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။