မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ယူနန်တက္ကသိုလ်တို့ပူးပေါင်း၍ စာတမ်းဖတ်ပွဲကျင်းပ

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ယူနန်တက္ကသိုလ်တို့ပူးပေါင်း၍ စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂၀

 

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ယူနန်တက္ကသိုလ်တို့ ပူးပေါင်းလျက် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်း ထွန်းကားရေးဆိုင်ရာ  တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု   ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ Lotte  ဟိုတယ်၌ ကျင်းပသည်။

စာတမ်းဖတ်ကြားဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ  အဖွဲ့ဝင်များ၊    နိုင်ငံခြားရေး ဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊ ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပါရဂူဘွဲ့ကြိုတန်းနှင့် မဟာတန်းတက်ရောက်နေသည့် ကျောင်းသူများ၊ မြန်မာ့ရေးရာ လေ့လာရေးဌာန ယူနန်တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ပီကင်းတက္ကသိုလ်၊ ရှာမန်တက္ကသိုလ်တို့မှ ပါမောက္ခများ၊ ပညာရှင်များနှင့်သုတေသီများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ ပညာရှင်များနှင့် သုတေသီ ၁၈ ဦးတို့က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ လေ့လာသုတေသနပြု ရေးသားထားသည့် စာတမ်းများကို ဖတ်ကြားတင်ပြကြကြောင်း သိရသည်။