ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည် ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းရေး ဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည် ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းရေး ဆွဲရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ  စက်တင်ဘာ ၂၀

 

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်   သဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)နှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ စာရင်းတွေ့ရှိ ချက်များနှင့် အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN- ERAT)တို့၏  အစီရင်ခံစာပါ တွေ့ရှိချက်များကို နှိုင်းယှဉ်ပြီး    အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ တင်ပြခဲ့သည့်အပေါ်တွင် နိုင်ငံတော်အကြီး အကဲ၏ မှတ်ချက်ပြုညွှန်ကြားချက်များနှင့် အညီ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ် ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရာတွင်  မြေပြင်တွင် အမှန်တကယ်ဖြစ်ပျက်မှု(အမှန်)သာ လိုအပ် မည်ဖြစ်ပြီး   ပြန်လည်ထူထောင်ရေးတွင် လတ်တလောကာလ၊ ကာလတို၊ ကာလရှည်ခွဲ၍  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လတ်တလောကာလမှာ ပြီးစီးပြီဖြစ်၍ ကာလတို၊ ကာလရှည်တွင် ရာသီသီးနှံအခြေခံသည့် စားသောက်ရေး၊ ကာလတိုအတွင်း ဟင်းဖြစ် လွယ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ၊ ငါးဖမ်းခြင်း၊ ချက်ချင်းအကျိုးရှိနိုင်သည့် သက်တမ်းအသင့်အတင့်ရှိသည့်   ဥစားကြက်၊ ဝက်၊ ဆိတ်၊ broiler ကြက်၊ အသား ထုတ်လုပ်မှုလုပ်ငန်း၊  နှစ်လ၊  သုံးလခန့်သက်တမ်းရှိသည့် ဟင်းသီးဟင်းရွက်ထုတ်လုပ် မှုတို့ကိုလည်း စီမံကိန်းတွင်ထည့်သွင်းရေးဆွဲ သွားရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၊ ရုံး၊ ဌာနများပြုပြင်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များနှင့် လမ်း၊ တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း  စီမံကိန်းတွင်ရေးဆွဲသွားရမည် ဖြစ်ကြောင်း၊ မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်

ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက်  လတ်တလောကာလ၊ ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် ပြည်နယ်အဆင့်ကော်မတီကို ဖွဲ့စည်း ထားပြီးဖြစ်သည့်အတွက် ယနေ့အစည်း အဝေးတွင် ကော်မတီအနေဖြင့် မိမိတို့၏ ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြ ပေးကြရန်နှင့် ဌာနဆိုင်ရာ များအနေဖြင့် မိမိတို့ပြည်နယ်အတွက်  အပြုသဘောဆောင်ပြီး ကောင်းမွန်သည့်အကြံပြုချက် များကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်းနှင့် ပြန်လည်ထူထောင်ရေးများနှင့် စပ်လျဉ်း၍ လတ်တလောဆောင်ရွက်ရမည့် ကိစ္စရပ်များမှာ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့်အတွက် မိမိတို့ ဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များကို စနစ်တကျထည့်သွင်းတင်ပြရန်နှင့် ဆက်လက်ဆောင်ရွက်ရမည့်  ကာလတို၊ ကာလရှည်စီမံကိန်းများကို  စနစ်တကျရေးဆွဲပြီး မူလအခြေအနေထက် သာလွန် ကောင်းမွန်သော အနေအထားရောက်အောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ် ကာလတို၊ ကာလရှည် စီမံကိန်းများ ရေးဆွဲပြုစုရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က  ရှင်းလင်းဆွေးနွေးပြောကြားပြီး ကော်မတီဝင်များက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက် ၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လတ်တလော ကာလ၊  ကာလတို၊   ကာလရှည်စီမံကိန်း ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြ ချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    

တင်ထွန်း(ပြန်/ဆက်)