လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းသို့ရောက်ရှိ

လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ပြည်တွင်းသို့ရောက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၂၀

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော NETAU  အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော YADEA အမျိုးအစားလျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက်   အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။