မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ အမျိုးသမီးကလေးများသင်တန်းကျောင်း (ထောက်ကြန့်)ကြည့်ရှုစစ်ဆေး

နေပြည်တော်  စက်တင်ဘာ  ၂၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့်ဒေါက်တာမြင့်သူမြိုင်တို့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှု၊ အိပ်ဆောင်များထားရှိမှု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိမှု၊  သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုး တိုးတက်လာစေရန်၊  လေ့ကျင့်ပြုစုစောင့်ရှောက်ပေးမှုနှင့်   ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားခွင့်၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းခွင့်နှင့်  လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို   ဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့  ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)