နေပြည်တော်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်ထိခိုက် လွယ်အုပ် စုများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ထောက်ပံ့ကြေးများပေးအပ်

နေပြည်တော်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်ထိခိုက် လွယ်အုပ် စုများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ထောက်ပံ့ကြေးများပေးအပ်

နေပြည်တော်  စက်တင်ဘာ  ၂၀

နေပြည်တော်အတွင်းရှိ အသက် ၈၅ နှစ်အထက်သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း များနှင့် ထိခိုက်လွယ်အုပ်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နေပြည်တော် အတွင်းရှိ လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသူ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွား ၄၉၂၂ ဦးကို  ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသော ဂေဟာရိပ်သာ ၁၆ ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း ၅၄ ကျောင်းနှင့်  ထိခိုက်လွယ်အုပ်စုဝင်လူဦးရေ ၁၀၅ ဦးအတွက် ထောက်ပံ့ကြေးများ ပေးအပ်မည်ဖြစ်ပြီး နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူ လူထုအားလုံးက ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးက  ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ ကြေးငွေကျပ်  ၄၂၁ ဒသမ ၉၅ သန်း ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ဂေဟာနှင့် ရိပ်သာတာဝန်ခံများထံ ထောက်ပံ့ကြေးများပေးအပ်ပြီး ဂေဟာနှင့် ရိပ်သာများကိုယ်စား စမတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ  ဂေဟာမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး ယာယီတာဝန်ခံ  Dr.Rashid Abdulla AL-Kuwari ဦးဆောင်သောအဖွဲ့အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသများအတွက် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ စာနာမှုအကူအညီများ ပေးအပ်ခဲ့မှု၊ မုန်တိုင်းကြောင့်ပျက်စီးခဲ့သော ဆေးရုံ၊ ကျောင်းအဆောက်အအုံများ နှင့် ဆက်သွယ်ရေးကွန်ရက်များအား ရာခိုင်နှုန်းပြည့်နီးပါးပြုပြင်ပြီးစီးမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် အခြေခံ လိုအပ်ချက် များကို မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် အိန္ဒိယ-မြန်မာ နားလည်မှုစာချွန်လွှာ၏ ပထမအဆင့်အနေဖြင့် နေအိမ်အလုံး ၂၅၀ ဆောက်လုပ် ပြီးစီးမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ မြန်မာနိုင်ငံ အခြေစိုက်သံရုံးများမှ သံရုံးအကြီး အကဲများနှင့်သံတမန်များ ရခိုင်ပြည်နယ်သို့ လေ့လာရေး ခရီးစဉ်  သွားရောက်ခဲ့မှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှညွှန်ကြား ရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)