ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathur နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လက်ခံတွေ့ဆုံ

ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathur နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် လက်ခံတွေ့ဆုံ

နေပြည်တော်  စက်တင်ဘာ  ၂၁

 

ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည်   ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး (Regional Director) Mr. Sanjay Mathur နှင့်အဖွဲ့အား  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS)တို့အကြား လက်ရှိဆောင်ရွက်နေသည့်  ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။