မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် တောင်ငူမြို့နယ်ရှိ ကျေးရွာချင်းဆက် ခပေါင်းချောင်းတံတားအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၁
    
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ် ကျေးရွာနှင့်အုတ်တွင်းမြို့နယ်၊ မန်ကျီးပင်စုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်းချောင်းတံတား သည် သြဂုတ် ၃ ရက်တွင် ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူတပ်နယ်နှင့် အုတ်တွင်းတပ်နယ်တို့မှ တပ်မတော်သားများက တံတားပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တံတားပြုပြင်ခြင်း၊ မျောတိုင်စိုက်ထူပေး ခြင်း၊ ငြမ်းဆင်ခြင်း၊ တင်ကျန်ခဲ့သောအမှိုက်များနှင့် နုန်းများဖယ်ရှားရှင်းလင်းပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။