ရန်ကုန်မြို့ ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwariအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ

ရန်ကုန်မြို့ ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwariအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၁

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari အား ယနေ့  မွန်းလွဲ ၂  နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari တို့သည်  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကဏ္ဍတို့တွင် ကာတာနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းလာမှု အခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။