ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာအား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လက်ခံတွေ့ဆုံ

 

နေပြည်တော်  စက်တင်ဘာ  ၂၁

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေး မာသာကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုများရုံးတို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုများရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Ms. Sara Austin Netzer တို့ တက်ရောက်ကြသည်။