အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး   

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေး   

နေပြည်တော် စက်တင်ဘာလ ၂၁

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီးကော်မတီဝင်   စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျဲန်းတို့   တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေး မည့်အစီအစဉ်များကို ဦးစွာဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်း ၄င်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။

ယင်းနောက် NCA နှင့် NCA (၈)နှစ် မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင်  လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက် များအပေါ် RCSS မှ ဆွေးနွေးချက်များတို့အား အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ သည်။ စက်တင်ဘာ ၂၂ ရက်တွင် ဒုတိယနေ့ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်သဘောထားများ ရယူသွားမည် ဖြစ်ကြောင်း သိရသည်။