မင်းလှမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေပေးအပ်

မင်းလှမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေပေးအပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင်မင်းလှမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်  ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရန် ချေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၀ ရက်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ   ဦးသန်းထွန်းအောင်က   နိုင်ငံ့စီးပွားမြှင့်တင်ရေး ကဏ္ဍအလိုက် ခွင့်ပြုချထားပေးသည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နိုင်ငံတော်မှ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်း ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ချေးငွေများ ထုတ်ချေးပေး နေသကဲ့သို့ တောင်သူများအနေဖြင့်လည်း ပေးဆပ်ရမည့်ကာလတွင် ကျေပွန်စွာ ပြန်လည်ပေးဆပ်ကြရန် ဆွေးနွေးပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေချေးယူမည့်သူများကို  စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက်    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေပေးအပ်ပွဲ ကျင်းပရာ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရန် အဖွဲ့လေးဖွဲ့မှ တောင်သူ ၃၅ ဦးအား ချေးငွေ ငွေကျပ် ၄၉ ဒသမ ၆ သန်းကို မြို့နယ်  နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)