သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး

သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး

မွန်ပြည်နယ် သထုံမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ   စာဖတ်ရှိန်မြင့်မားပြီး   အသိပညာ ဗဟုသုတ တိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်က သထုံမြို့ နယ် ထောင်မှူးကျေးရွာအုပ်စု တိုင်တရာ အခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် ဘင်လှိုင်ရပ်ကွက်ရှိ ဘင်လှိုင်အခြေခံပညာ မူလတန်း(လွန်) ကျောင်းတို့၌   နယ်လှည့် စာကြည့်တိုက်များဖွင့်လှစ်ပေးပြီး   အသိပညာပေးလုပ်ငန်းများ   ဆောင်ရွက်ခဲ့ကြ သည်။

နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို  အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကျောင်စာအပြင်   ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရန် ဟောပြောဆွေးနွေးပြီး   ကျောင်းသား၊  ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင် များကို လေ့လာဖတ်ရှုကြသည်။

အဆိုပါ   နယ်လှည့်စာကြည့်တိုက်၌ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ စသည့် စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊  မူးယစ်ဆေးဝါအန္တရာယ်  သတိပြုကာကွယ်ရေး စသည့် အသိပညာပေး နံရံ ကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။                         

ချမ်းမြေ့