ပဲခူးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများနှင့် စပ်လျဉ်း၍ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအစည်း အဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများနှင့် စပ်လျဉ်း၍ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအစည်း အဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြ လာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများမှန်ကန်မှု   ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ရွှေတောင်မြို့နယ်နှင့် သဲကုန်းမြို့နယ်တို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြေပြင်စာရင်း တိုက်ဆိုင်စစ် ဆေးခြင်းများကို ယနေ့တွင် ပြည်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးစိုးဦးက ယနေ့တက်ရောက်လာသည့် ပါတီ လေးခုမှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဝန်ထမ်းများ ပါဝင်နေခြင်း ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ တို့ကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့်  သက်ဆိုင်ရာ ပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက လိုအပ်သည်များ ပြန်လည်ဆွေးနွေးတင်ပြကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့်  မြို့နယ်အဆင့်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်ခရိုင်နှင့်  မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ပြည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ထို့နောက် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ တာဝန်ခံများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပါတီဝင်လျှောက်လွှာများ၊ အဆိုပြုလွှာများ၊ ပါတီဝင်ကတ်ပြားထုတ်ပေးထားရှိမှု မှတ်ပုံတင်စာအုပ်များ၊ ပါတီဝင်များက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပုံစံ(ဇ)၏ပူးတွဲတွင် လက်မှတ်ထိုးထားမှု ရှိ/မရှိ အခြေအနေများ၊ ကွဲလွဲနေမှုများ စစ်ဆေးခြင်းလုပ်ငန်းအား အနီးကပ် ကြပ်မတ်ခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးသည်။ ပဲခူးတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနှင့် ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီတို့မှ လေးပါတီ၏ ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာ ၁၉ ရက်တွင် ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကဝမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင်လည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်တွင်    သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်၊ မိုးညိုမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ သာယာဝတီ မြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။                    

(သတင်းစဉ်)