တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကျင်းပ

တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကျင်းပ

နေပြည်တော်  စက်တင်ဘာ  ၂၁

တရားလွှတ်တော် ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် တရားလွှတ်တော်ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး၊ တရားလွှတ်တော် ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများ ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများအပေါ် တရား လွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေပုဒ်မ ၁၀(၁)အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထား တောင်းခံသည့်ကိစ္စ၊ တရား လွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့်ကိစ္စ၊ ၁၉၅၄ ခုနှစ် တရား လွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့်နည်းဥပဒေများအား ပြင်ဆင်ဖြည့်စွက်ရန်ကိစ္စ၊ လူမွဲ ခံယူခြင်း ဆိုင်ရာကျွမ်းကျင်သူ (Insolvency Practitioner) များအဖြစ် တာဝန်ပေးအပ်ရန် တရားလွှတ်တော် ရှေ့နေအဖြစ်   အမှုလိုက်ပါဆောင်ရွက်သည့် လုပ်သက် သတ်မှတ်နိုင်ရေးကိစ္စ၊ မူပိုင်ခွင့် ဆိုင်ရာ ပညာရှင် နေရာကို စိတ်ပါဝင်စားသည့် တရားလွှတ်တော်ရှေ့နေများ လျှောက်ထား နိုင်ကြောင်း အသိပေး နှိုးဆော်မည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ သိရှိလိုက်နာရန် တရားလွှတ်တော်ရှေ့နေများ ကောင်စီ က ထုတ်ပြန်သည့် ကြေညာချက်များ၊ အမိန့်ကြော်ငြာစာများကို ဥပဒေရေးရာဝန်ကြီးဌာန Website www.mola.gov.mm (ဘားကောင်စီ) ကဏ္ဍတွင် ထည့်သွင်းဖော်ပြရန် ကိစ္စနှင့် တရားလွှတ်တော် ရှေ့နေများကောင်စီရုံး အဆောက်အအုံနှင့် မြေနေရာလျှောက် ထားသည့် ကိစ္စများကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်။

  (သတင်းစဉ်)