(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ (ဒုတိယ)အကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ (ဒုတိယ)အကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၂၂

          (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံကြီး၌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က (ဒုတိယ)အကြိမ် စုပေါင်းသွေးလှူ ဒါန်းပွဲ ပြုလုပ်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စပ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးတို့ တက်ရောက်ကြသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၃၄ ဦးက ဆေးရုံရှိ သတ်မှတ် နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ ထိုသို့ သွေးလှူဒါန်းနေမှုများကို ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီးမှလက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရ ရှိသည်။