ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ပါတီဝင်အင်အားစာရင်းများ မှန်ကန်ပြည့်စုံစေရေးစစ်ဆေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ပါတီဝင်အင်အားစာရင်းများ မှန်ကန်ပြည့်စုံစေရေးစစ်ဆေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ  စက်တင်ဘာ  ၂၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီး       ဖြစ်သော နိုင်ငံရေးပါတီများအနက် ကရင်ပြည်နယ်အတွင်း အခြေစိုက်သော နိုင်ငံရေးပါတီများ၊ ပါတီရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထိုအစည်းအဝေးတွင် ကရင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို အလေးအနက်ထားလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုအစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်းရှိ  ပြည်နယ်၊  ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊   ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊   ကရင်ပြည်နယ်အတွင်း   ပါတီဌာနချုပ် ဖွင့်လှစ်ထားသည့် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်   ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတို့မှ   တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြောင်း    သိရသည်။