ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေးအတွက် မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေးအတွက် မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

မန္တလေး  စက်တင်ဘာ  ၂၂

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်စေရေးအတွက် ပြည်ထောင်စု   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယနေ့ နံနက် ၁၀ နာရီတွင် မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှု

ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများကို တွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ မှန်ကန်စွာ ပြည့်မီရေးအတွက် ပူးပေါင်းစိစစ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများနှင့် စိစစ်ခြင်း လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များအား တွေ့ဆုံဆွေးနွေး မှာကြားခဲ့ပြီး မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ပါတီဝင်အင်အားစာရင်းများအား  ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် မြို့နယ်ပါတီတာဝန်ခံများနှင့်အတူ လက်တွေ့စိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင်သည် မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မိတ္ထီလာမြို့နယ်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ပါတီဝင်အင်အားစာရင်းများကို ပါတီဝင်ဖြစ်ကြောင်း အသိအမှတ် ပြုထားသည့်  မှတ်တမ်း၊ အထောက်အထားများဖြင့်လည်းကောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာန၏ e-ID စနစ်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ Admin DEO    Software ဖြင့်လည်းကောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာပါတီများ၏ ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းစိစစ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။