မွန်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

မော်လမြိုင်  စက်တင်ဘာ  ၂၂

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုဖြင့် မွန်ပြည်နယ်အတွင်း မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၏ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပါတီဝင်ခွင့် လျှောက်ထားသူများအား နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၁ အရ စိစစ်ရာတွင် သတ်မှတ်ပါတီဝင်အင်အားစာရင်း မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင်အမှန်တကယ်နေထိုင်မှု ရှိ/မရှိတို့ကို စိစစ်ခံနိုင်ရေး ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ၁၈ ရက်က မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

အစည်းအဝေးသို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ   ပြည်နယ်ရွေးကောက်ပွဲအရာရှိ၊ မွန်ပြည်နယ်အတွင်းရှိ ဌာနချုပ်ပါတီဖြစ်သော အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်နယ်အဆင့် ပါတီများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ   ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်   မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ပြည်နယ်ရွေးကောက်ပွဲအရာရှိက   အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်  ပါတီတာဝန်ခံများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။