ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးကျေးရွာ၌ စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးကျေးရွာ၌ စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

ကျောက်ဆည်၊ စိုက်ပျိုးရေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပေါင်လောင်ကြီးကျေးရွာ၌ စိုက်ပျိုးထားသော နနွင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းပွင့်များ ချိုးယူ ရောင်းချချိန်ဖြစ်သောကြောင့်    စိုက်ပျိုး တောင်သူများ အပိုဝင်ငွေရရှိနေကြောင်း သိရသည်။

နနွင်းသည် စိုက်ပျိုးပြီးလေးလခန့်အကြာ တွင်   အပွင့်များစပွင့်ကာ   ဈေးကွက်သို့ တင်ပို့ရောင်းချပါက    အပိုဝင်ငွေအဖြစ် နနွင်းတစ်ဧကလျှင်   ငွေကျပ်   ၅၀၀၀၀ ခန့်ရရှိကြောင်း၊ ရှစ်လကျော်အကြာတွင်   နနွင်း တက်များ တူးဖော်ရရှိပြီး တစ်ဧက လျှင် နနွင်းအစိုပိဿာချိန် ၃၇၀၀ မှ ၄၀၀၀ အထိရရှိကာ ပြုတ်ပြီး အခြောက်လှန်းပါက  ပိဿာချိန် ၈၀၀ မှ ၁၀၀၀ အထိရရှိကြောင်း  သိရသည်။

နနွင်းစိုက်ပျိုးမည်ဆိုပါက မြေကိုစိတ် ကြိုက်ပြုပြင်ပြီး အကျယ် ၃ ပေ၊ အမြင့် ၁ ပေခွဲခန့် မြေဘောင်များ ပြုလုပ်၍ စိုက်ပျိုး ရသည်။  နနွင်းတွင်  နနွင်းခေါင်းမျိုးနှင့် နနွင်းအတက်မျိုးဟူ၍ နှစ်မျိုးရှိရာ နနွင်း ခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧကလျှင် ပိဿာ ချိန် ၅၀၀ ခန့်စိုက်ပျိုးရပြီး နနွင်းအတက် မျိုးစိုက်ပျိုးပါက ပိဿာချိန် ၆၀၀ ခန့် စိုက် ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း ငါးလက်မ အကွာစိုက်ပျိုးရကြောင်းနှင့်  နနွင်းသည် မြေထဲ၌ အတက်ပွားသည့်အပင်ဖြစ်သောကြောင့် မြေအစိုဓာတ်ရရှိစေရန် ရေသွင်း စိုက်ပျိုးပေးရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)