ပုသိမ်မြို့နယ်၌ ပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၇၀၀ အထိဈေးရရှိ

ပုသိမ်မြို့နယ်၌ ပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၄၇၀၀ အထိဈေးရရှိ

ပုသိမ်၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့ဈေးကွက်တွင် ပဲဆီတစ်ပိဿာလျှင်ငွေကျပ် ၁၄၇၀၀  အထိဈေးကောင်း ရရှိလာကြောင်း သိရသည်။

ပုသိမ်မြို့နယ်၌ သြဂုတ်လက ပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ မှ ၁၀၅၀၀ အထိသာ ဈေးရှိခဲ့ပြီး    စက်တင်ဘာ ၁ ရက်မှ လက်ရှိအချိန်ထိ ပဲဆီတစ်ပိဿာလျှင်ငွေကျပ် ၁၄၇၀၀ အထိဈေးကောင်း လာကြောင်း၊ အဆိုပါ ပဲဆီများဈေးကောင်းရရှိလာခြင်းသည် ဒေသတွင်ပဲဆီများ လှိုင်လှိုင်မထွက်လာ သေးခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“အခုလအတွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပါတယ်။ ပဲဆီဈေးက တော့ အနည်းငယ်ပြန်တက်လာပါတယ်။ လက်ရှိ ပဲဆီတစ်ပိဿာကိုငွေကျပ်  ၁၄၇၀၀ အထိ ဈေးပေါက် လာတယ်။ ပဲဆီဈေးပြန်တက်လာရတဲ့ အချက်ကတော့  ဒေသထွက်မြေပဲတွေ  လှိုင်လှိုင်မပေါ်သေး တာကြောင့်ပါ။ ဒေသထွက်ပဲဆီတွေကကျန်းမာရေးနဲ့ညီညွတ်ပြီး ရောဂါအန္တရာယ်ကင်းရှင်းစေပါတယ်။    ဆီအရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်” ဟု ပုသိမ်မြို့ရှိ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်လဲ့လဲ့က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ ဒေသထွက်ပဲဆီများ ဈေးကွက်အတွင်း အရောင်းအဝယ်ပြု လုပ်လျက်ရှိသည့်အပြင် အခြားဒေသများမှ ပဲဆီများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါ ဒေသထွက် ကျန်းမာရေးနှင့် ညီညွတ်ကောင်းမွန်သည့် ပဲဆီဈေးနှုန်းသည် ပြည်ပနိုင်ငံများမှ တင်သွင်းရသည့် စားအုန်းဆီဈေးနှုန်းနှင့် ကွာခြားမှုသိပ်မရှိတော့သဖြင့် ပဲဆီကိုသာ    စားသုံးသူများပြား လာကြောင်း သိရသည်။                                                   

 သုတကျော်