နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား    

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပြင်ဦးလွင်တပ်နယ်ရှိသင်တန်းသားအရာရှိများ၊နည်းပြအရာရှိများနှင့်မိသားစုများအားတွေ့ဆုံအမှာစကားပြောကြား                                                     

နေပြည်တော်၊ အောက်တိုဘာ ၂ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံ အမှာ စကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တပ်နယ်ရှိ သင်တန်းသား၊ နည်းပြအရာရှိများနှင့် မိသားစုများ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ အနေဖြင့် နိုင်ငံတော်အား ရှေ့လုပ်ငန်းစဉ် ၅ ရပ် နှင့် ဦးတည်ချက် ၉ ရပ်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ များနှင့် အဆိုပါအခြေအနေတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်နေမှုများကို သိရှိစေလို၍  ယခုကဲ့သို့လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ၊ ခရိုင်/ မြို့နယ် အဆင့်အထိ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်း၍ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတာဝန်အရပ်ရပ်ကို နေ့ညမပြတ် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာခြင်းသည် ၂၀၂၀ ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများနှင့် ယှဉ်တွဲအမြတ်ထုတ်လျက် နိုင်ငံတော် အာဏာ သုံးရပ်ကို အဓမ္မရယူရန် ကြိုးပမ်းမှုအတွက် အဆိုပါပြဿနာရပ်များအပေါ်  တပ်မတော်က ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုအပေါ် တာဝန်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ မသိကျိုးကျွံပြုလျက် ပြဿနာရပ်အပေါ် ရှောင်လွှဲမှုများကြောင့် ဖြစ်ပေါ်လာရသည်ကို အားလုံးက သိရှိပြီးဖြစ်ကြောင်း။

နိုင်ငံ့အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်းရာ တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ရှေ့လုပ်ငန်း စဉ် ၅ ရပ် ၊ ဦးတည်ချက် ၁၂ ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော် လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ စပြီး ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေ များအရ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ပြောင်းလဲချမှတ်အကောင် အထည်ဖော်လျက်ရှိပါကြောင်း၊ ယခင်  ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ဖြစ်ပေါ်နေသော မဲမသမာမှုဆိုင်ရာများ ဖြေရှင်းရန်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရန် ကိစ္စနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးကို ပြန်လည်တည့်မတ်ရန် ဆိုသည့် အချက် ၃ ချက်မှာ ယနေ့အချိန်တွင် ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ ယနေ့ အချိန်နှင့်ကိုက်ညီသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဉပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက်  လည်းကောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက် လည်းကောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက် လည်းကောင်း စသည့် အချက် ၃ ချက်ဖြင့် အစားထိုးပြင်ဆင်လျက် ငြိမ်းချမ်းရေး ဆိုင်ရာနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုမူ နိုင်ငံတော်၏ မူလ ရည်မှန်းချက် အတိုင်း ရှေ့လုပ်ငန်းစဉ်၌ ထည့်သွင်းလျက် အဆိုပါရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်၍  ဦးတည်ချက် ၉ ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် နေပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရည်မှန်းချက် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း။ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ် ထားသော စနစ်ဖြစ်ပြီး အစိုးရသက်တမ်း ၂ ဆက်တိုင် ကျင့်သုံးဆောင်ရွက်ခဲ့သော စနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ မရကြောင်း။

ထိုသို့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများ ရှိသော်လည်း  စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုသည့်အတိုင်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး မိမိတို့ အစိုးရနှင့်အတူ စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှုကြောင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံတကာ ပဋိပက္ခများတွင် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုများကို နိုင်ငံအားလုံး အနည်းနှင့်အများ ခံစားနေကြရသည့် အခြေအနေတွင် မိမိတို့ နိုင်ငံအနေဖြင့် ထိခိုက်မှုများ ရှိခဲ့သော် လည်း အထိုက်အလျှောက် စီးပွားရေးတိုးတက်မှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ ကြောင်း။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်း မှုသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေး  ဖော်ဆောင်ရာတွင် လက်မှတ်ရေးထိုးထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအား NCA နှင့်အညီ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ၈ နှစ်မြောက် NCA နှစ်ပတ်လည် အခမ်းအနားကိုလည်း ယခုလ အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးအတွက် လည်း နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် အမြဲတမ်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ် လျက်ရှိသကဲ့သို့ လက်မှတ်ရေးထိုးရန် ကျန်ရှိသော အဖွဲ့များနှင့် NCA လမ်းကြောင်းအပါအဝင် လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် မိမိတို့၏ လိုအင်ဆန္ဒများကို တရားဝင် တောင်းဆိုခွင့် ရရှိရေးကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆွေးနွေးလျက်ရှိကြောင်း။

နိုင်ငံတော်အစိုးရ၏ အန္တိမ ရည်မှန်းချက်ဖြစ်သော အထွေထွေရွေးကောက်ပွဲ ကြီး အောင်မြင်စွာဖြစ်ပေါ်လာရေးအတွက် အရေးကြီးသည့် အချက် ၁ ချက်ဖြစ်သည့် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများနစ်နာမှုမရှိစေရေးနှင့် နည်းလမ်း ကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ပြင်ဆင်လျက်ရှိ ကြောင်း၊ မဲပေးနိုင်ခွင့်ရှိသူအားလုံးလွတ်လပ်စွာ မဲပေးနိုင်ရန်နှင့် မှန်ကန်သော ရွေးကောက် ပွဲဖြစ်ရေးမှာ အရေးကြီးဆုံးဖြစ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူ ဆောင်ရွက်ပေးရမည့် အထွေထွေရွေးကောက်ပွဲတွင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ ကဲ့သို့ နိုင်ငံတော်၏ ဒီမို ကရေစီသမိုင်းကြောင်း အမဲစက် မဖြစ်စေရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် များမှလည်း လိုအပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဉပဒေစည်းမျဉ်းများ၊ ပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဉပဒေများကို ရေပတ်မဝင် မှားယွင်းမှု မရှိစေရေး ပြင်ဆင်လျက်ရှိ သကဲ့သို့ ဆန္ဒမဲ့ပေးပိုင်ခွင့် ရှိသူတိုင်း အသည်းကြားမှ မဲတစ်ပြားကို တစ်ကြိမ်လျှင် တစ်ယောက်သာ တိတိကျကျမဲပေးနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် IT နည်းပညာသုံးလျက် နိုင်ငံသားစိစစ်ရေးကတ်များ မှားယွင်းမှု၊ ထပ်နေမှု၊ ကွဲလွဲမှုစသည့် ချို့ယွင်းချက်များ မရှိစေရေး ဆောင်ရွက် လျက်ရှိသည့်အပြင် နိုင်ငံတော်အစိုးရအဆက်ဆက် စီမံကိန်းများ အကောင်အထည် ဖော်ရန်လိုအပ်လျက်ရှိသည့်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း ၂၀၂၄ ခုနှစ်အကြို ကာလအဖြစ် ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စ၍ စမ်းသပ်သန်းခေါင်း စာရင်းကောက်ယူရေး လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းဖြင့် နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆောင်ရွက်နေမှုအား လိုရင်းတိုရှင်း ဆွေးနွေးပြောကြားသည်။

၎င်းနောက် တပ်မတော်၏ ပါဝင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြောကြားရာ တွင် တပ်မတော်သားတိုင်း၏ တာဝန်မှာ  နိုင်ငံတော်ကာကွယ်ရေး တာဝန်ဖြစ် ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို အခြေခံ၍  နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်၊ နိုင်ငံ၏ ရည်မှန်းချက် ၂ ရပ်နှင့် အမျိုးသားရေး ရည်မှန်းချက် ၂ ရပ် အကောင်အထည်ဖော်ရာတွင် တပ်မတော်သား များအနေဖြင့် ကျရာအခန်းကဏ္ဍမှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမှာဖြစ်ကြောင်း၊ ထိုသို့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်မှာ တိုက်စွမ်းအား၊ တိုက်စွမ်းရည်တိုးတက်မြင့်မားရန် အရေးကြီး ကြောင်း။

ပြင်ဦးလွင်တပ်နယ်သည် တပ်မတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျ မွေးထုတ်ပေးနေသည့် တပ်နယ်ကြီးတစ်ခုဖြစ်ပြီး အဆင့်မြင့် လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်နှင့် ဝေဟင် ပိုင်နက်များကို အပြည့်အဝ ကာကွယ်နိုင်ရန် အထောက်အကူပြု လျက်ရှိသည့် လက်ရုံးတပ်ဖွဲ့များအတွက်လည်း လိုအပ်သည့်သင်တန်းများကို လေ့ကျင့်မွေးထုတ် ပေးရာ တပ်နယ်တစ်ခုလည်းဖြစ်ကြောင်း၊ တပ်နယ်ရှိ သင်တန်းကျောင်းအသီးသီးမှ နည်းပြများအနေဖြင့် မိမိတို့ကိုယ်တိုင် ပညာပြည့်ဝနေအောင် မပြတ်လေ့လာဆည်းပူး နေရန် လိုအပ်သကဲ့သို့ သင်ကြားသင်ယူနေသည့် သင်တန်းသားများ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်ရန်စေတနာထား၍ မိမိတို့ထက် တော်သည့် တတ်သည့် တပည့်များဖြစ်အောင် သင်ကြားလေ့ကျင့်ပေးရန်လည်းလိုကြောင်း။

ကွပ်ကဲကြပ်မတ်ရသည့် တာဝန်ရှိသူများအနေဖြင့်လည်း ကွပ်ကဲမှုအောက် အရာရှိ၊ စစ်သည်များကို မိမိ၏ မိသားစုများသဖွယ် ခံယူပြီး သက်သာချောင်ချိမှုကို  အလေးထား ဖြည့်ဆည်းပေးနေရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် လုပ်ငန်းတာဝန်များကို ရိုးသားဖြောင့်မတ်စွာဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် မိမိဝင်ငွေနှင့်ထွက်ငွေကို မျှတစွာသုံးစွဲတတ်ရန် လိုအပ်ပြီး တာဝန်ရှိသူများမှလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ချို့ခြံချွေတာရန် လိုအပ်သကဲ့သို့ ကုန်ကျနိုင်မည့် အရက် ၊ ဆေးလိပ်၊ ကွမ်း အပါအဝင် လူမှုရေးဆိုင်ရာ ကိစ္စ၊ လောင်းကစားမှုဆိုင်ရာကိစ္စစသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း  အရာရှိ၊ စစ်သည်၊ မိသားစုများ လိုက်နာရန် လိုအပ်ကြောင်း၊ ၎င်းအပြင် အပိုဝင်ငွေ ရရှိရေးနှင့် စားရေးအထောက်အကူပြုနိုင်သည့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ မကြောင့်မကျသော စိတ်ဖြင့် ပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် ကို စွမ်းရည်ထက်မြတ်သော တပ်မတော်အဖြစ် တည်ဆောက်ရာတွင် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာ တပ်နယ်ဖြစ်၍ မိမိတို့ ၏ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန်လို ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တပ်နယ်မှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး က ထောက်ပံ့ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ ဇနီး က လည်းကောင်း လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။