နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၆

National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီ   ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အစည်းအဝေး ခန်းမ၌  ကျင်းပပြု လုပ်ရာ National Database  စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာ  National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ ဉက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် လူဦးရေသန်း ၈၀၀၀ ခန့်ရှိပြီး စစ်တမ်းများအရ သက်သေခံကတ်မရှိသူ လူဦးရေ သန်း ၁၀၀၀ ခန့်၊ သက်သေခံကတ်ရှိပြီး ဒစ်ဂျစ်တယ် သက်သေခံကတ်မရှိသူ လူဦးရေ သန်း ၃၄၀၀ ခန့်၊ ဒစ်ဂျစ်တယ်သက်သေခံကတ်ရှိသူ လူဦးရေ သန်း ၃၆၀၀ ခန့်ရှိကြောင်းကို တွေ့ရှိရကြောင်း။

ကမ္ဘာ့နိုင်ငံများအနက် ဒစ်ဂျစ်တယ်သက်သေခံကတ် သုံးစွဲနိုင်မှုအနေဖြင့် ဒစ်ဂျစ်တယ်သက်သေခံကတ်စနစ်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင် သည့် နိုင်ငံ ၄၆ နိုင်ငံ၊ ဒစ်ဂျစ်တယ် သက်သေခံကတ်စနစ် သုံးစွဲပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ မဆောင်ရွက်နိုင်သည့် နိုင်ငံ ၁၁၉ နိုင်ငံ၊ ဒစ်ဂျစ်တယ်သက်သေခံကတ်စနစ် မဆောင်ရွက်နိုင်သည့် နိုင်ငံ ၃၃ နိုင်ငံရှိကြောင်းကို လေ့လာတွေ့ရှိရကြောင်း။

မိမိတို့နိုင်ငံတွင်လည်း Digital စနစ်ကိုကူးပြောင်းပြီး e-Government စနစ် ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် National Database စနစ်တည်ဆောက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၇/၂၀၂၂ ဖြင့် ဖွဲ့စည်းခဲ့ပြီး   ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၁၅၉/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။

National Database စနစ် တည်ဆောက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်း တာဝန်များသည် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မူဝါဒများ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ တစ်ခုနှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်အကောင်အထည်ဖော်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ e-ID စနစ်အတွက် လိုအပ်သည့် နည်းလမ်းရရှိရန်အတွက် G to G ရရှိနိုင်ရေး ကူညီ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်လုံခြုံရေးအရ ပြည်ပကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အစိုးရ များမှ တိုက်ရိုက်ဝင်ရောက်လုပ်ဆောင်မှုများဖြစ်ပေါ်ခြင်းမရှိစေရန် ကြီးကြပ်ခြင်း၊ နည်း ပညာကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်ရရှိရေး ဖြည့်တင်းဆောင်ရွက် ပေးခြင်းတို့ ပင် ဖြစ်ကြောင်း။       

e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနကို တာဝန်ခံဝန်ကြီးဌာန (Focal Ministry)အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အဖွဲ့ဝင် ၂၉ ဦး ပါဝင်သည့် e-ID စနစ် လုပ်ငန်းကော်မတီကို  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။

e- ID စနစ် လုပ်ငန်းကော်မတီအောက်တွင် e-ID စနစ် အကောင်အထည် ဖော်ရေးကြီးကြပ်မှုဆပ်ကော်မတီ၊ စီမံချက်ရေးဆွဲရေး ဆပ်ကော်မတီ၊ ဥပဒေနည်းဥပဒေ ရေးဆွဲရေး ဆပ်ကော်မတီ၊ နည်းပညာနှင့် တင်ဒါရေးဆွဲရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေ ဆိုင်ရာ ဆပ်ကော်မတီ၊ ပြန်ကြားရေးဆိုင်ရာဆပ်ကော်မတီစသည့် ဆပ်ကော်မတီ ၆ ခုကို လည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။

အဆိုပါကော်မတီများအနေဖြင့် e-ID စနစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ Master Plan ရေးဆွဲခြင်း၊ System Architecture Design ရေးဆွဲခြင်း၊  ပြည်ပနည်းပညာအကြံပေး ငှားရမ်းရာတွင် လိုက်နာ ရမည့် လုပ်ငန်းလမ်းညွှန် (ToR) ရေးဆွဲခြင်းနှင့် ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေတို့ကို အခြေခံပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ခြင်းကို အီလက်ထရောနစ်စနစ်နှင့် ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဥပဒေများ (မူကြမ်း)ကိုလည်း ရေးဆွဲနိုင်ခဲ့ကြောင်း။

e-ID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် ကိုယ်ရေး အချက်အလက်များ (Biographic Data) ကောက်ယူပြီး Database အတွင်း ထည့်သွင်း ခြင်း၊ ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် Unique ID (UID) နံပါတ်ထုတ်ပေးခြင်း၊ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ကတ်ပုံစံ အလွတ်များ ထုတ်လုပ်ခြင်း၊ ကတ်ပုံစံအလွတ်များတွင် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းနှင့် e-ID စနစ် လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲခြင်းစသည့် အဆင့် (၅)ဆင့်နှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

e-ID  ဟု ခေါ်သည့် အီလက်ထရောနစ်နည်းပညာသုံးစနစ်ဆိုသည်မှာ နိုင်ငံ အတွင်းတွင် တရားဝင်မှီတင်းနေထိုင်နေကြသူအားလုံး၏ ကိုယ်ရေးအချက်အလက် များကို ခေတ်မီနည်းပညာ ကွန်ပျူတာစနစ်ကို အသုံးပြုပြီး အစိုးရ၏ Database ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များကို ပြန်လည်ရှာနိုင်ရန်အတွက်လည်း လူတစ်ဦးချင်းစီ၏ Unique Identification Number များ ထုတ်ပေးခြင်း၊ တစ်နည်းအားဖြင့် e-Government အောင်မြင်ရန်လစ်ဟာနေသည့် Human Resource  Database ဖြစ်ကြောင်း၊ နိုင်ငံတ ကာတွင် National Identification System သို့မဟုတ် Population Registration ဟု ခေါ်ဆိုပါကြောင်း၊ နိုင်ငံတကာတွင် e-ID စနစ်တွင် အခြေခံအားဖြင့် အနည်းဆုံး နိုင်ငံသားများကို ကာကွယ်နိုင်ရန်နှင့် အုပ်ချုပ်ရန်အတွက် Human Resource  Database၊  စီးပွားရေးလုပ်ငန်းများအပေါ် လိမ်လည်ရောင်းဝယ်မှု၊ ထိန်းချုပ်မှုတို့ကို ကာကွယ်ပေးနိုင် ရန်အတွက် Business Database၊  ရွေ့ပြောင်းနိုင်သည့် ယာဉ်များကိုထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ယာဉ်အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် Asset Database၊ အိုးအိမ်တိုက် တာများကဲ့သို့ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှား၊ ဝယ်မှား ဖြစ်မှုများကို ကာကွယ်နိုင်ရန် Property Database ဟူ၍ ရှိပြီး ယခုသွားမည့် e-ID စနစ်တွင် မရှိမဖြစ် လိုအပ်သည့် Databse များ ဖြစ်ပါကြောင်း။

National Identification System တွင် နိုင်ငံသားဖြစ်ခြင်းနှင့် မဖြစ်ခြင်း မသက်ဆိုင်ဘဲ နိုင်ငံအတွင်း၌ တရားဝင်နေထိုင်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံ သား အားလုံးတို့၏ ကိုယ်ရေးအချက်အလက်နှင့် သက်ဆိုင်ပါကြောင်း၊ နည်းစနစ်ကို မဏ္ဍိုင်ထားပြီး နိုင်ငံတော်အစိုးရအဖွဲ့အောက်တွင်ရှိသည့် ဝန်ကြီးဌာနများနှင့် အလွှာ ပေါင်းစုံက Database များကလည်း မှီခိုချိတ်ဆက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံသား ဖြစ်ခြင်းနှင့် မဖြစ်ခြင်း၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းကို စိစစ်ရမည်မှာ e-ID Database ထဲမှ ကိုယ်ရေးအချက်အလက်များပေါ်မူတည်ပြီး သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ထို့ကြောင့် e-ID စနစ်အတွက် လူတစ်ဦးချင်းစီက ထင်းရှားသည့် ကိုယ်ရေး အချက်အလက်များကို ရယူရာတွင် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်နှင့် အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်ရရှိထားသူ PR များနှင့် ပြည်တွင်းနေအခွန်ဆောင် နိုင်ငံခြားသားမှတ်ပုံတင် လက်မှတ်(FRC) ကိုင်ဆောင်ထားသူများ၏ Biographic Data ၊ Biometric Data များ ကောက်ယူပြီး လူတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်များ သီးခြား ထုတ်ပေးကာ ယင်း Unique ID ကို မဏ္ဍိုပ်ပြုပြီး ဝန်ကြီးဌာနအသီးသီးက မိမိတို့ဌာနအလိုက်ရှိနေသည့် အကောင်အထည်ဖော်မည့် Database ကို စိစစ် ပေါင်းစပ်ပြီး ဝန်ကြီးဌာနများက ပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများကို လျင်မြန် စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။

e-ID စနစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အဆင့် ၁ အနေဖြင့် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်း (နိုင် - ၄) ၅၂ သန်းကျော်နှင့် အိမ်ထောင်စုလူဦး ရေစာရင်းပုံစံ(၆၆/၆) ၁၃ သန်းကျော် တို့ကို e-ID Database အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးခဲ့ပြီး ဖြစ်ကြောင်း။

ထိုသို့ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံသား များ၏ ကိုယ်ရေးအချက်အလက်များကို စာရွက်စာတမ်းများနှင့် ထိန်းသိမ်းခဲ့သည့်အတွက် နှစ်ကာလကြာမြင့်မှု၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အချက်အလက် မစုံလင်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် e-ID Database အတွင်းရှိ အချက်အလက်များ ပြည့်စုံ မှန်ကန်မှု ရှိစေရန်အတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကော်မတီများဖွဲ့၍ ယခုနှစ် ဇန်နဝါရီလ ၉ ရက် နေ့မှစ၍ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း။

လုပ်ငန်းဆောင်ရွက်မှု အဆင့် နှစ် အနေဖြင် ဇီဝဆိုင်ရာအချက်အလက်များ ကောက် ယူခြင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို Pilot Project အနေဖြင့် စတင်‌ကောက်ယူခဲ့ပြီး ယခုအခါ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် စတင်ကောက်ယူနေပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း၊ e-Government အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမို လွယ်ကူ စွာ တည်ဆောက်နိုင်ခြင်း၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ အတွက် အထောက်အကူပြုနိုင်ခြင်း၊ စာရွက်အခြေပြု   (Paper-Based) စနစ်များ လျှော့ချနိုင်ခြင်း၊ National ID ၏ အခြေခံလုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတကာသုံးစနစ်များဖြင့် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ်ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ် ရေးနှင့် အခြားသောဌာနဆိုင်ရာများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို လွယ်ကူစွာ ဝန်ဆောင်မှုပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာကို  ပြည်သူများရရှိမည်ဖြစ် ကြောင်း။

e-ID စနစ်နှင့် ကောက်ယူထားရှိသည့် Data များသည် Big Data များဖြစ်ပြီး လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် National Database ဖြစ်၍ ယင်းတို့ကို လုံခြုံအောင် ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ e-ID တွင် ပါဝင်သည့် National Database အပါအဝင် ဝန်ကြီးဌာနထဲတွင် ပြုစုထိန်းသိမ်းထားသည့်  Database များသည် ပြည်သူများအပေါ်ချပြ၍ ရသည့် Database များရှိသကဲ့သို့ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် လုံခြုံရေးအရ ထုတ်ဖော် ချပြ၍ မရသည့် Database များလည်း ရှိပါကြောင်း၊ ထို့ကြောင့် Cyber Security ဆိုင်ရာ လုံခြုံမှုစနစ်များ အဆင့်လိုက်ထားရှိပြီး ကွန်ရက် လုံခြုံမှုစောင့်ကြည့်စနစ် (Network Monitoring System) များ ထားရှိရန်နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအရေးပေါ် ကွန်ရက် တုံ့ပြန်မှုစနစ် (Myanmar Computer Emergency Response Team) အနေဖြင့်လည်း အင်အားထပ်မံဖြည့်ဆည်းပြီး ကွန်ရက်လုံခြုံမှုများ တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း။

ယနေ့ Information Technology IT ခေတ်တွင် မိမိတို့ နိုင်ငံအနေဖြင့်လည်း e-Government ကို ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ e-Government စနစ်ဆိုသည်မှာ အစိုးရအဖွဲ့အချင်းချင်း၊ ရုံးတွင်း Network ချိတ်ဆက်ပြီး စာပေးစာယူ အဆင့်ဟု ယူဆပါက မှားယွင်းမည်ဖြစ်ကြောင်း၊ e-Government ဆိုသည်မှာ ထိရောက် မြန်ဆန်လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန် တိုးတက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ပြည်သူကို ဝန်ဆောင်မှုပေးခြင်း ပင် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အစိုးရဌာနတိုင်းတွင် ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် Database များကိုလည်း ပညာရှင်များနှင့် တည်ဆောက် သွားကြရမည် ဖြစ်ကြောင်း၊ Database များကို ချိတ်ဆက်ပြီး အစိုးရယန္တရားများ မြန်ဆန်စွာ လည်ပတ်နိုင်ရန် National Database  သို့မဟုတ် နိုင်ငံတော်က အရေးကြီး သောမှတ်တမ်းများကို ကွန်ပျူတာစနစ်ဖြင့် ချိတ်ဆက်ထားခြင်း ဟု  အဓိပ္ပါယ်ရပါ ကြောင်း၊ National Database အပေါ်မူတည်ပြီး လူတစ်ဦးချင်းစီ၏ ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို e-ID စနစ်ထဲတွင် ထည့်သွင်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း e-ID စနစ်ထဲ တွင်ရှိသည့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များမှ ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ e-ID စနစ်လုပ်ငန်း ကော်မတီကစီမံချက်များ ချမှတ်ပြီး အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိသည့်အတွက် National Database အဖြစ် တည်ဆောက် ပြီးစီးပါက နိုင်ငံသားတွေ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်  က  e-ID စနစ် လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က Myanmar e-Government Master Plan - 2030 (မူကြမ်း) ဆိုင်ရာအချက်အလက်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်လင်း တင်ပြသည်။

ဆက်လက်၍ တပ်မတော်( ကြည်း၊ ရေ၊ လေ) သတင်းနှင့် နည်းပညာဌာန ဌာနမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦးက National Database တည်ဆောက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက National Database စနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးအကြံပြု တင်ပြကြသည်။

ယင်းနောက် National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီ ဉက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍  e-ID စနစ် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်အစီအမံများကို e-ID ကော်မတီအဖွဲ့ဝင်ပညာရှင်များက ဝန်ကြီးဌာနများအလိုက် လက်တွေ့ဆောင်ရွက်သွားကြရမည့် ဝန်ထမ်းများအား စတင် ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းနောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက်လည်း ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊  e-ID စနစ် ဆောင်ရွက် ခြင်းကြောင့် ပြည်သူများ၏ တစ်ဦးချင်း ကိုယ်ရေးအချက်အလက်များကို ကောက်ယူနိုင် သည့်အတွက် ပြည်သူများ အနေဖြင့် Paper-Based စနစ်မှ Online ဆက်သွယ်မှုစနစ်မှ တဆင့် မိမိအလိုရှိသည့် လုပ်ငန်းနယ်ပယ်အလိုက် ဝန်ကြီးဌာနများတွင် လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်မှုစသည့် ဝန်ဆောင်မှုကဏ္ဍတို့တွင် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရန်မှာ e-Government စနစ် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနအလိုက် အခြေခံကွန်ပျူတာနည်းပညာမှစ၍ Software ၊ Hardware နှင့် Networking ပညာရပ်များ နှင့်စပ်လျဉ်း၍ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန် လိုကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် Electronic Device များ ကိုင်တွယ်အသုံးပြုနိုင်မည့် ဌာနတွင်းဝန်ထမ်း ပညာရှင်များ ကြိုတင် ရွေးချယ်စုဖွဲ့ထားရန် လိုကြောင်းနှင့် e-Government စနစ် ဆောင်ရွက်ရာတွင် အခက်အခဲများရှိနိုင်သော်လည်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရင်းဖြင့် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို ပြုပြင်သွားရမည် ဖြစ်ကြောင်း၊ National Database ရှိမှသာ ပြည်သူများအတွက် လျင်မြန်သည့် ဝန်ဆောင်မှုပေး နိုင်မည်ဖြစ်ကြောင်း၊ National Database စနစ် တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူ များက ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုကြောင်း ဖြည့်စွက်ပြောကြားပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။