နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 နေပြည်တော် အောက်တိုဘာ ၁၀

 ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့  ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်း အနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ် ဖြစ်သည့် အမျိုးသား အကျိုးစီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို ထိန်းသိမ်းဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအား အရင်း အမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ရေး၊ ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ အကြမ်းဖက်ဖြစ်စဉ်များအားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေး ချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံ သည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦး တည်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသား ရေးဦးတည်ချက် (၅) ရပ် သတ်မှတ်ထားသော်လည်း နိုင်ငံတော်က လက်ရှိဆောင် ရွက်နေသည့် အခန်းကဏ္ဍများကို  ထည့်သွင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကိုလည်း အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာ ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံကောင်းများလည်း ရရှိခဲ့ပြီဖြစ် ကြောင်း၊ ယခုနှစ်လွတ်လပ်ရေးနေ့ အခမ်းအနားကို ပုံမှန်အတိုင်း မနက်ပိုင်းတွင် အလံတင် အခမ်းအနား၊ နေ့လယ်ပိုင်းတွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ်ခြင်းနှင့် ညပိုင်းတွင် ညစာစားပွဲအခမ်းအနားတို့ဖြင့် အပိုင်းသုံးပိုင်း ကျင်းပသွားမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားသည်  ပုံမှန်ကျင်းပနေသည့် အခမ်းအနား ဖြစ်သော်လည်း နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အထူး သဖြင့် လုံခြုံရေးကိစ္စကို လစ်ဟာမှုမရှိစေရန် အထူးအလေးထား ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် တက်ရောက်လာကြသူအားလုံးအတွက် ကျန်းမာရေး နှင့် ညီညွတ်သည့် စားသောက်နေထိုင်မှုများဖြစ်စေရန် အလေးထား ဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ နိုင်ငံ တော်အဆင့် အခမ်းအနားများ၏ အားသာချက်အားနည်းချက်များကို သင်ခန်းစာ ရယူ ပြီး၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို လိုအပ်ချက်များ မရှိအောင် အားလုံးက ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။

ထို့နောက်  နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြ ဆပ် ကော်မတီ၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ် ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ၊ ညစာစားပွဲအလှပြ Drone လွှတ်တင်ဖျော်ဖြေရေးဆပ်ကော်မတီ၊  လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ် ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားက စားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွပ် လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအ လိုက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော် မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကျောင်း များတွင် ကဗျာ၊ စာစီစာကုံး၊ ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးရန် လိုကြောင်း၊ ထို့ပြင် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် စာပေဟောပြောပွဲများ ကိုလည်း ကျင်းပပြုလုပ်ပေးသွားရန်လိုကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် ငွေကြေးသုံးစွဲမှု များတွင် အလေအလွှင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက်သူများပါရှိစေရေး၊ နိုင်ငံတော် အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဘက်ပေါင်းစုံ လစ်ဟာမှုမရှိစေရေးနှင့် လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင် ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။