ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာလ ၁၆ ရက်

    ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သဘင်ဆောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီး ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူမျာ၊ အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံသဘင်ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင် များ၊ ပြိုင်ပွဲဝင် လူငယ်မောင်မယ်များနှင့် အနုပညာ ချစ်မြတ်နိုးသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲကျင်းပပြီးစီးခဲ့မှုနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့မှုများကို Video Clip ဖြင့် ပြသပြီး ပြိုင်ပွဲဝင်များ၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုပေးပွဲ ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။