ပင်းတယမြို့နယ်၌ မြေသားလမ်းလုပ်ငန်းစတင် ဆောင်ရွက်

ပင်းတယ  နိုဝင်ဘာ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ  လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မဲနယ်တောင်-ကုန်းဆုံ-မြေပြိုကျေးရွာချင်းဆက် မြေသားလမ်း(၃/၂)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၇ ဒသမ ၃၇၄ သန်းဖြင့် ယနေ့တွင် လုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေသားလမ်းဆောင်ရွက်ပြီးစီးပါက ပင်းတယမြို့နယ် မဲနယ်တောင်ကျေးရွာ၊ ကုန်းဆုံကျေးရွာနှင့် မြေပြိုကျေးရွာတို့ရှိ  အိမ်ခြေ ၅၂၈ အိမ်  လူဦးရေ ၂၀၂၂ ဦးအတွက် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။