နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သြစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်တို့အား လမ်းညွှန်မှာကြား

နေပြည်တော်  နိုဝင်ဘာ  ၁၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သည့် ဦးဟောက်ခန့်ဆုမ်းနှင့် သြစတြီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်နှင့်အတူ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ  မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးဖြစ်သည့်   ဦးမင်းသိမ်းတို့အား  ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်သမ္မတရုံးခန်း၌ တွေ့ဆုံပြီး လိုအပ်သည့် မူဝါဒများကို လမ်းညွှန်မှာကြားသည်။