ရုရှားက ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ပထမဆုံး အတည်ပြုသည့်နိုင်ငံဖြစ်လာ

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံသည် လူသားများတွင် နှစ်လနီးပါးကြာစမ်းသပ်ထားသည့်  ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို ပထမဆုံး အတည် ပြုသည့် နိုင်ငံဖြစ်လာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ် ၁၁ ရက်တွင် ပြောသည်။

ထိုဆေးအတွက် အလွန်အရေးကြီးသည့် နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်နေဆဲဖြစ်သော် လည်း အဆိုပါ ကာကွယ်ဆေးသည်   အမှန်တကယ် ထိရောက်မှုနှင့်စိတ်ချ ရမှုရှ ိကြောင်းနှင့် ၎င်း၏ သမီးများ အနက် တစ်ဦးတွင် ထိုးနှံပြီးဖြစ်ကြောင်း ပူတင်က အစိုးရ အဖွဲ့ အစည်းအဝေးတွင် ပြောသည်။

ထို့ပြင် အဆိုပါကာကွယ်ဆေးသည် အမှန်တကယ်အလုပ်ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုရှိသည့် ကိုယ်ခံအားကိုဖြစ်ပေါ် စေကြောင်း နှင့် လိုအပ်သော စစ်ဆေးမှုများ အားလုံးကို လုပ်ဆောင်ပြီးဖြစ်ကြောင်း ပူတင်ကဆက် ပြောသည်။

အဆိုပါကာကွယ်ဆေးကို ဂမ်မလီယာ အဖွဲ့အစည်းက ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ ကာကွယ်ဆေးအဖြစ် အတည် ပြုခြင်း ခံရသောကြောင့် မကြာမီအချိန်တွင် ရုရှားနိုင်ငံသားများအတွက်   ကိုရိုနာ ဗိုင်းရပ်ကာကွယ်ဆေး အမြောက် အမြား ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း  သိရသည်။