(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်  အောက်တိုဘာ  ၂၂

    ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ အနုပညာဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံနှင့် နေပြည်တော်မြို့တော်ခန်းမ တို့တွင် ကျင်းပမည်ဖြစ်သည်။

    အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၄ ရက် (ယနေ့)တွင် MICC -II  ၌ ကျင်းပမည်ဖြစ်ရာ  ထိုသို့ကျင်းပပုံများကို  နံနက်  ၈   နာရီ  ၄၅ မိနစ်မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV  HD  Channel ၊ MRTV News Channel ၊MRTV Farmers' Channel၊ MRTV Parliament Channel ၊ MITV ၊ MWD-HD Channel ၊    MWD Variety HD Channel နှင့် MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင်  Online တို့မှ  တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

   ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဉ္စဝတီ FM၊ ရွှေFM၊ ပတ္တမြား FM၊ FM ပုဂံ၊ ချယ်ရီFM နှင့် Star FM တို့မှလည်း တိုက်ရိုက်(LIVE) ထုတ်လွှင့်မည်ဖြစ်သည်။