နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ကုသနေသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကဲဖြတ်ပညာရှင်ကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သွားရောက်ကြည့်ရှု အားပေး

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ကုသနေသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အကဲဖြတ်ပညာရှင်ကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သွားရောက်ကြည့်ရှု အားပေး

 

နေပြည်တော်  အောက်တိုဘာ  ၂၅

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် တက်ရောက်ကုသနေသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ   ရုပ်သေးအကဲဖြတ်ပညာရှင်အဖြစ် ဆောင်ရွက်ရန်ရောက်ရှိနေသည့် ရုပ်သေးအကဲဖြတ်ပညာရှင် ဦးစိန်ထွန်းကြည် အသက် ၈၄ နှစ်ကို သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။

အဆိုပါ  သက်ကြီးရုပ်သေး အကဲဖြတ် ပညာရှင် ဦးစိန်ထွန်းကြည်သည် Diag-nosis -Melena with syncope for I/T (အကြောင်းရင်းသေချာစွာ မသိရသေးသော ဝမ်းအမည်းသွားခြင်းနှင့် မူးမေ့လဲခြင်း)တို့ ကြောင့် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ရွာတော်ရှိ ဆင်ဖြူရှင်ဧည့်ရိပ်သာဆေးခန်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ယမန်နေ့ မွန်းလွဲ၁၂ နာရီ မိနစ် ၄၀ တွင်တက်ရောက်ခဲ့ပြီး ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ် ကုသခန်း၌  လိုအပ်သော စမ်းသပ်စစ်ဆေး ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနာမှာ   ဆေးရုံတက်ရောက်ချိန်တွင် ကောင်းမွန်စွာ   သတိရပြီးဖြစ်ကြောင်း  သိရသည်။