တရုတ်နိုင်ငံသို့ တင်သွင်းသည့် အေးခဲပင်လယ်စာ အထုပ်များတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်တွေ့ရှိ

ပေကျင်း၊ ကျန်းမာရေး

တရုတ်တာဝန်ရှိသူများသည် ဒါလျန်း မြို့မှတစ်ဆင့် နိုင်ငံအတွင်းတင်သွင်းသည့် အေးခဲပင်လယ်စာ အထုပ် များတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်ကိုတွေ့ရှိကြောင်း ဒေသ တွင်းအုပ်ချုပ်ရေးအဖွဲ့က သြဂုတ် ၁၁ ရက် တွင်ပြောသည်။

နိုင်ငံအရှေ့ပိုင်း ရှန်တုန်ပြည်နယ် ယန်တိုင်းဆိပ်ကမ်းမြို့ရှိ ကုမ္ပဏီ သုံးခုက ဝယ်ယူတင်သွင်းသော အေးခဲပင် လယ်စာ အထုပ်များ၏ အပြင်ဘက်တွင် နိုဗယ်ကိုရို နာဗိုင်းရပ်ကိုတွေ့ရှိခြင်းဖြစ်ကြောင်းနှင့်  ဒါလျန်းဆိပ်ကမ်းသို့ ရောက်ရှိ လာခြင်းဖြစ်ကြောင်း ယန်တိုင်းမြို့ တာဝန်ရှိသူများက ပြောသည်။ သို့သော် ထိုပင်လယ်စာများကို မည်သည့် နိုင်ငံမှ တင်သွင်းသည်ကို တာဝန်ရှိ သူများက ထုတ်ဖော်ပြောထားခြင်းမရှိပေ။

ဇူလိုင်လတွင် အီကွေဒေါနိုင်ငံမှတင်သွင်းသော အေးခဲပုစွန်အထုပ်များအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်ကို   တွေ့ရှ ိသော ကြောင့် တရုတ်အစိုးရက ထိုနိုင်ငံမှအေးခဲပုစွန်များ တင်သွင်းမှုကိုရပ်ဆိုင်းခဲ့သည်။

ယခုတင်သွင်းထားသည့် အေးခဲပင်လယ် စာများသည် ပြည်ပသို့ပြန်ပို့ရန် ပြင်ဆင်နေဆဲ အဆင့်တွင်ရှိပြီး ကျန်ရှိသော ပင်လယ်စာ များမှာမူ အအေးခန်း၌သာ သိမ်းဆည်းထားကာဈေးကွက်အတွင်းမရောက်သေး ကြောင်း ယန်တိုင်းမြို့ အစိုးရကပြောသည်။

ထို့ပြင် အဆိုပါ ပင်လယ်စာများကိုကိုင် တွယ်စစ်ဆေးသည့် သက်ဆိုင်ရာ အလုပ်သမားများ အားလုံးကို အသွား အလာ စောင့် ကြပ်ကြည့်ရှုပြီးဆေးစစ်မှုများလုပ်ရာ ဗိုင်းရပ် ကူးစက်ခံထားရခြင်း မရှိကြောင်း တာဝန်ရှိသူများ ပြောသည်။