(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား MRTV  မှ တိုက်ရိုက် ထုတ်လွှင့်မည်

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား MRTV  မှ တိုက်ရိုက် ထုတ်လွှင့်မည်

 

နေပြည်တော်  အောက်တိုဘာ  ၂၉

    ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၃၁) ရက်(ယနေ့)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) တွင် ကျင်းပမည်ဖြစ်သည်။

    အဆိုပါအခမ်းအနား ကျင်းပပုံများကို ယင်းနေ့နံနက် ၇ နာရီ မိနစ် ၅၀ မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD Channel ၊ MRTV News Channel ၊ MRTV Farmers' Channel ၊ MRTV Parliament Channel ၊ MITV ၊ MWD- HD Channel ၊ MWD Variety HD Channel  နှင့် MOI Website ၊ MOI Youtube ၊ MRTV APP: အပါအဝင် Online  တို့မှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ထို့ပြင် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM ၊ ပဉ္စဝတီFM၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM နှင့် Star FM  တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။