မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သ င်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မြို့နယ်အဆင့် အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့်သ င်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

 

    တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာမူလတန်း အဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၃၀ ရက်တွင် အမှတ်(၁)    အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို  အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် သင်ကြား၊ သင်ယူမှုစွမ်းရည် တိုးတက်လာစေရန်၊    ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရန်နှင့် ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး  ရေးဖြေစစ်ဆေးခြင်း၊ နှုတ်စွမ်းရည်နှင့် နှုတ်ဖြေစစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

အခြေခံပညာ    မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်    ရေးဖြေပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၇၄ ဦးနှင့် သင်္ချာစွမ်းရည် ရေးဖြေပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၇၈ ဦး ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး    အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ရေးဖြေ၊ ကျပန်းနှင့်နှုတ်ဖြေပြိုင်ပွဲ အမျိုးအစားများ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် လက်တွေ့ဘဝနှင့် ဆက်စပ်သည့်  ဉာဏ်စမ်းပုစ္ဆာများ၊    သင်္ချာစွမ်းရည်ကို ပေါ်လွင်စေသော မေးခွန်းများ၊ သက်ဆိုင်ရာ အတန်းနှင့်ဆီလျော်သော မေးခွန်းများဖြင့် ကျင်းပလျက်ရှိသည်။

မြို့နယ်အဆင့် စာပေဘာသာရပ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများ အနက် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာ ထူးချွန်သူများအား သက်ဆိုင်ရာအတန်းအလိုက်   သင့်လျော်သည့် သင်ခန်းစာခေါင်းစဉ်များမှ ရေးဖြေ၊နှုတ်ဖြေ၊ ကျပန်းစကားပြော စွမ်းရည်/ရေးဖြေနှင့် ရေးဖြေ(ဓမ္မဓိဋ္ဌာန်)များ စစ်ဆေး၍   အမှတ်အများဆုံးရရှိသူ တစ်ဦးစီက တိုင်းဒေသကြီးအဆင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။