မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Friday Night Live Show တွင် ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင်ခြောက်ဦးနှင့် ပညာရှင်များ ပါဝင်သည့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Friday Night Live Show တွင် ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင်ခြောက်ဦးနှင့် ပညာရှင်များ ပါဝင်သည့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန်  နိုဝင်ဘာ   ၂

 

မြန်မာ-ကိုရီးယား ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် Korea K-Pop အနုပညာနှစ်ခြိုက်သူ များကြည့်ရှုနားဆင်နိုင်ရန်အတွက် မြန်မာ-ကိုရီးယားမော်ဒန် Musical Show ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက Friday Night Live Show အဖြစ် တင်ဆက်သွား မည်ဖြစ်ရာ ပါဝင်ဖျော်ဖြေကြမည့် ကိုရီးယားအနုပညာရှင်ခြောက်ဦးနှင့် ပညာရှင်များပါဝင်သည့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန် မြို့သို့ရောက်ရှိကြသည်။

အဆိုပါကိုရီးယားအနုပညာရှင်များနှင့် အဖွဲ့အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုကြပြီး  နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ  ကျောင်းသား၊ ကျောင်းသူများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍လည်းကောင်း၊ အဆိုတော်များ၏ ဓာတ်ပုံပါ စာတန်းများကိုင်ဆောင်၍လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှစီစဉ်သည့်  မြန်မာ့ရိုးရာအိုးစည်ဒိုးပတ်အဖွဲ့ဖြင့် လည်းကောင်း လှိုက်လှဲနွေးထွေးစွာ   ကြိုဆိုခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ Lotte  ဟိုတယ်၌ တည်းခိုကြမည်ဖြစ်ပြီး နိုဝင်ဘာလ ၃ ရက် ညပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏  Friday Night Live Show ၌  ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။