ကွတ်ခိုင်မြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက်လမ်းများ အပြီးသတ်ဖောက်လုပ်

ကွတ်ခိုင်  နိုဝင်ဘာ  ၂၁

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်းရှိ ကွတ်ခိုင်မြို့နယ်အတွင်း တောင် ပေါ်ကျေးရွာများရှိ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး အတွက် ကျေးရွာချင်းဆက်လမ်းများအား စီမံကိန်းများချမှတ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှမ်းပြည် နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ သိရသည်။

အဆိုပါ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက်လမ်းများအနက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး-ဂျုံနော-ရှောက် ပန်းကုန်း-မုံးဝီးလမ်းမှာ လမ်းအရှည် (၂၇/ဝ)မိုင်ရှိပြီး အဆိုပါလမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ မြေသားလမ်း(၁၀/ဝ)မိုင်အားလည်းကောင်း၊ ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ် တွင် မြေသားလမ်း(၁၀/ဝ)မိုင်အားလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြေသား လမ်း(၂/၄)မိုင်အား ဆောင်ရွက်ခဲ့ကာ စုစုပေါင်းလမ်းအရှည်(၂၂/၄)မိုင်အား မြေသားလမ်းအဆင့်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ အဆိုပါလမ်းပိုင်းအနက်မှ ကျန်ရှိသည့်လမ်းပိုင်းဖြစ်သော (၄/၄)မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင်ခွင့်ပြုရန်ပုံငွေကျပ် ၁၈၆ ဒသမ ၃၀၈ သန်းဖြင့် မြေသားလမ်း အပြီးသတ်ဆောင်ရွက်ပေး နိုင်တော့ မည်ဖြစ်သည်။

အဆိုပါ တောင်ပေါ်ဒေသကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးသွားပါက တောင်ပေါ်ကျေးရွာများဖြစ် သော ကျေးရွာ ၁၈ ရွာနှင့် အိမ်ခြေ ၁၄၉၃ စုမှ လူဦးရေ ၁၁၃၂၃ ဦးတို့မှာ ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့တို့သို့ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်ကာ လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။          

 (၅၀၀)