COVID-19 ရောဂါအခြေအနေကြောင့် ရန်ကုန်မြို့ရှိ စာအုပ်အရောင်းဆိုင်များ ရောင်းအားကျဆင်း

ရန်ကုန်၊ စီးပွားရေး

COVID-19 ရောဂါအခြေအနေကြောင့် ရန်ကုန်မြို့ရှိ စာအုပ်အရောင်းဆိုင်များ ရောင်းအားကျဆင်း လျက်ရှိ ကြောင်း စာအုပ်တိုက်ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စာအုပ်အရောင်းဆိုင်များကို ပိတ်ထားခဲ့ပြီး အောက်တိုဘာ နောက်ဆုံး ပတ်မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ရောင်းအားနည်းပါးနေကြောင်း၊ စာအုပ်တိုက်များမှ ထုတ်ဝေသည့် စာအုပ်အသစ်များသည် ချက်ချင်းဝင်ငွေမရရှိဘဲ ရောင်းချပေးရသည့် စာအုပ် တန်ဖိုးအား စောင့်ဆိုင်းရပြီး နယ်များရှိ စာအုပ်ဆိုင်များ၌လည်း စာအုပ်မှာယူမှုနည်းပါးနေသဖြင့်  ရောင်းအားပြန်လည်မြင့်တက်လာရန် ကြိုးပမ်းနေကြရကြောင်း သိရသည်။

ပုံမှန်ကာလများတွင် တစ်ရက်လျှင် စာအုပ်ရေ ပျမ်းမျှ ၅၀ အထိ ရောင်းရသော်လည်း လက်ရှိတွင် တစ်ရက် လျှင် ပျမ်းမျှစာအုပ်ရေ ၁၅ အုပ်မှ ၂၀ အတွင်းသာ ရောင်းချပေးနေရကြောင်း သိရသည်။

“ဒီကာလမှာ ရောင်းအားကျဆင်းသွားတယ်။ စာအုပ်သစ်ထွက်လာရင် အရင်လို မဟုတ်ဘဲနယ်ဘက်ကလည်း  မှာယူမှုနည်းသွားတယ်။ ရောင်းအားနည်းတော့ ကိုယ်စားလှယ်ဆိုင်တွေကလည်း မမှာဘူး။ စာအုပ်တွေ   ရောင်းအားပြန်ကောင်းဖို့ အတော်အချိန်ယူရဦးမယ်။ လက်ရှိရောင်း ချပေးနေရတာက နာမည်ကျော်စာရေး ဆရာကြီးတွေရဲ့ ဗဟုသုတစာပေတွေများတယ်” ဟု ဟန်သာဆု စာပေတိုက်မှ ထုတ်ဝေသူ ဒေါ်ချိုက ပြောသည်။

ရန်ကုန်မြို့၌ ဈေးကွက်အခြေအနေအရ စာအုပ်ရောင်းအား ကျဆင်းနေသည့်အတွက်   စာအုပ်သစ်ထွက်ရှိမှု လည်း နည်းပါးကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့်ပုံစံမျိုးကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် အွန်လိုင်းအသုံးပြု၍ စာဖတ်ရှုသူများလာသည့်အတွက် ဒစ်ဂျစ်တယ်စနစ်အသုံးပြုရောင်း ချနိုင်ရေး ကိုလည်း စီစဉ်လာကြောင်း သိရသည်။                          

စိုးမိုး