ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၄၃၄ ဦးထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၄၃၄ ဦးနှင့် သေဆုံးသူ ၂၇ ဦးရှိကြောင်းသိရသည်။

(၂၀-၁၁-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၅၃၂ ဦး၏ မြို့နယ် အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၀-၁၁-၂၀၂၀)ရက် ည ၈ နာရီမှ (၂၁-၁၁-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၀၉၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၃၄ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

(၅၀၀)