ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံသားများ ပြန်လည်ထွက်ခွာနိုင်စေရန် ရုရှားကဆောင်ရွက်ပေးနေ

 

ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံသားများ ပြန်လည်ထွက်ခွာနိုင်စေရန် ရုရှားကဆောင်ရွက်ပေးနေ

ရုရှား  အရေးပေါ်ဝန်ကြီးဌာနသည် ၎င်းင်း၏  သံတမန်ဝန်ထမ်းများနှင့်အတူ ဂါဇာကမ်းမြောင်ဒေသရှိ ပိတ်မိနေသည့်ရုရှားနိုင်ငံသားများအား ဒေသအတွင်းမှပြန်လည်ထွက်ခွာနိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း  ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်သည်။

အရေးပေါ်ဝန်ကြီးဌာနအနေဖြင့် ၎င်း၏ သံတမန်ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်၍ ဂါဇာကမ်းမြောင်ဒေသရှိ လက်နက်ကိုင်ပဋိပက္ခ အတွင်းပိတ်မိနေသည့် ရုရှားနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်သွားနိုင်မည့် နည်းလမ်းများကို   ရှာဖွေဖော်ထုတ်လျက်ရှိသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်ရေးစခန်းများမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသမှထွက်ခွာလိုသည့်   ရုရှားနိုင်ငံသား များအတွက်   ဝန်ကြီးဌာနမှလိုအပ်သည့် ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာအကူအညီများအပြင် အစားအစာနှင့် သောက်သုံးရေများကိုပါ ပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

Ref: Sputnik