ကင်ညာတွင် ရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက် ၃  ဦးအထိမြင့်တက်

 

ကင်ညာတွင် ရေကြီးမှုများကြောင့် သေဆုံးသူအရေအတွက် ၃  ဦးအထိမြင့်တက်

ကင်ညာနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တနှစ်ပတ်အတွင်း  မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံးတွင် လူ ၃၀၀၀ ခန့် ရေဘေးသင့်ခဲ့ရပြီး  ရေကြီးမှုများကြောင့် သေဆုံးသူ    အရေအတွက်မှာလည်း ၃၈ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ကင်ညာကြက်ခြေနီအဖွဲ့က   ထုတ်ပြန်သည်။

ကင်ညာနိုင်ငံတွင်   အယ်နီညိုရာသီဥတုကြောင့် မိုးများအဆက်မပြတ် ရွာသွန်းနေခြင်းဖြစ်ပြီး   အချို့ဒေသ များသည် နှစ်ပေါင်း ၄၀ အတွင်း  အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် မကြာမီကပင်ရင်ဆိုင်ခဲ့ရသည့် ဒေသများဖြစ်ကြောင်း   သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံအတွင်းရှိ မြစ်များ၌ မြစ်ရေလျှံတက်လာပြီးနောက်  ရေကြီးမှုများဖြစ်ပွားလာခြင်းဖြစ်သည်။

လက်ရှိတွင်   ကင်ညာနိုင်ငံအတွင်းရှိ ခရိုင် ၄၇ ခုအနက် ၁၈ ခုမှာ ရေကြီးမှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း  ကင်ညာကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။

Ref: Xinhua