ရုရှားအား ဗဟိုအာရှဒေသမှထွက်ခွာစေရေး လုပ်ဆောင်မည့် ဥရောပသမဂ္ဂ၏ကြိုးပမ်းမှု အောင်မြင်မှု ရှိမည်မဟုတ်ဟု လက်ရော့ပြော

 

ရုရှားအား ဗဟိုအာရှဒေသမှထွက်ခွာစေရေး လုပ်ဆောင်မည့် ဥရောပသမဂ္ဂ၏ကြိုးပမ်းမှု အောင်မြင်မှု ရှိမည်မဟုတ်ဟု လက်ရော့ပြော

ရုရှားနိုင်ငံအား  ဗဟိုအာရှဒေသမှထွက်ခွာစေရေး တွန်းအားပေးလုပ်ဆောင်မည့်  ဥရောပသမဂ္ဂ၏ ကြိုးပမ်းမှုသည် အောင်မြင်မှုရှိမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က နိုဝင်ဘာလ ၁၂ ရက်တွင်ပြောသည်။

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံအား ဗဟိုအာရှဒေသနှင့်ကော့ကေးဆပ်ဒေသမှ ထွက်ခွာသွားစေရန်    ကြိုးပမ်းသည့်လုပ်ဆောင်ချက်အား ဖုံးကွယ်ထားနိုင်ခြင်း မရှိကြောင်း၊ သို့သော် ၎င်းတို့၏ကြိုးပမ်းမှုသည်   အောင်မြင်မည်မဟုတ်ကြောင်း၊ အကြောင်းမှာ  ဒေသတွင်းရှိ လုပ်ဖော်ကိုင်ဖက်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများ သည် ဒေသတွင်းအခြေအနေအားလုံးကို နားလည်ထားပြီးဖြစ်သောကြောင့်ဖြစ်ကြောင်း လက်ရော့က ဆက်လက်ပြောကြားသည်။

ရုရှားနှင့် ဗဟိုအာရှဒေသနိုင်ငံများအကြောင်း ပြောဆိုနေသူများတွင် အနောက်နိုင်ငံများမှ  ခေါင်းဆောင်များ သာမက အနောက်မီဒီယာများလည်း ပါဝင်ကြောင်း သိရသည်။             

   Ref: Sputnik