ဆီးချိုရောဂါက ဘရူနိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် စီးပွားရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်နေ

ဆီးချိုရောဂါက ဘရူနိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် စီးပွားရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်နေ

 

    နိုင်ငံအတွင်း ဆီးချိုရောဂါဖြစ်ပွားမှုသည် ဘရူနိုင်းနိုင်ငံ၏   ကျန်းမာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့ အတွက် အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ဘရူနိုင်း ကျန်းမာရေးဝန်ကြီး ကပြောသည်။

ဘရူနိုင်းနိုင်ငံအတွင်း အသက် ၂၀ မှ ၇၅ နှစ်အတွင်းရှိ အရွယ်ရောက်ပြီးသူ ၁၁ ဒသမ ၁ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါခံစား နေရကြောင်းနှင့် ထိုပမာဏသည် တစ်ကမ္ဘာလုံး၏ ပျမ်းမျှဖြစ်သော ၉ ဒသမ ၁ ရာခိုင်နှုန်းထက် ကျော်လွန်နေကြောင်း နိုင်ငံတကာ ဆီးချိုဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

ဆီးချိုရောဂါနှင့် ပတ်သက်လာလျှင် အချိန်မီတွေ့ရှိကုသခြင်းက ထိုရောဂါ မဖြစ်ပွားစေရေးအတွက်   အဓိကကျသော ကာကွယ်မှုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။

ထို့အတူ ဆီးချိုရောဂါနှင့်ပတ်သက်၍ အသိပညာများ ဖြန့်ဝေပေးခြင်းသည်လည်း အလွန်အရေးကြီးကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် ဆီးချိုရောဂါ၏ အပြစ်များကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်နိုင်စေမည်ဖြစ်ကြောင်း ၎င်းက

ဆက်ပြောသည်။  နိုင်ငံအတွင်း  အဖြစ်များသော ဆီးချိုရောဂါမှာ အမျိုးအစား ၂ ဖြစ်ကြောင်း၊ ထိုရောဂါသည် ကျန်းမာရေးနှင့် မညီညွတ်သော  စားသောက်မှုပုံစံ၊ ကိုယ်လက် လှုပ်ရှားနည်းပါးမှု၊  အဝလွန်မှုတို့နှင့် ဆက်စပ်နေကြောင်း   ဝန်ကြီးက ဆက်ပြောသည်။