မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အား KNPP နှင့် PDF အမည်ခံ အကြမ်းဖက်​သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ် တိုက်ခိုက်ဖျက်ဆီးကာ တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်​ကျောင်းသား၊ ကျောင်းသူ များအား ဖမ်းဆီး​ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ နိုင်ငံ၏အ​ရေးပါ​သော ပညာ​ရေးကဏ္ဍကို ဖျက်ဆီးခဲ့ခြင်းအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က   ပြင်းထန်စွာရှုတ်ချပါ​ကြောင်း သ​ဘောထားထုတ်ပြန်​ကြေညာ အပ်ပါသည်။

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)